ဇွန် ၁၈ ။ ။ တရုတ်သမ္မတ ရှီကျင့်ဖျင် ယခုသီတင်းပတ် ဇွန်လ ၂၀ ရက်တွင် မြောက်ကိုရီးယားသို့ နှစ်ရက်တာ ခရီး သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။
ယင်း ခရီးစဉ်အတွင်း မစ္စတာ ရှီသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် တွေ့ဆုံပြီး ကိုရီးယားကျွန်းဆွယ်မှာ ကြုံတွေ့နေရသည့် ပြဿနာများနှင့်ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်သည်။
အဆိုပါ နှစ်ရက်ကြာခရီးစဉ်သည် ၁၄ နှစ်တာအတွင်း တရုတ်ခေါင်းဆောင်တစ်ဦး မြောက်ကိုရီးယားသို့ သွားရောက်သည့် ပထမဆုံးသော နိုင်ငံတော်ခရီးစဉ်လည်း ဖြစ်လာမည်ဖြစ်သည်။
တရုတ်သမ္မတ၏ အဆိုပါ မြောက်ကိုရီးယား ခရီးစဉ်သည် ဂျပန်တွင် ကျင်းပမည့် G20 အစည်းအဝေး မစတင်ခင် တစ်ပတ်အလိုတွင် သွားရောက်ခြင်း ဖြစ်သည်။
G20 အစည်းအဝေးတွင်မူ တရုတ်သမ္မတ ရှီသည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံသွားဖွယ် ရှိနေသည်။