တောင်ကိုရီးယား မင်းသားချော လီမင်ဟိုနှင့် လီဂျောင်ဆွတ်ခ်တို့သည် 2015 Korea Brand Stars ဆုအတွင် ရွေးချယ်ခြင်း ခံခဲ့ရသည်။
“ကျွန်တော် ရွေးချယ်ခံရတဲ့အတွက် အရမ်းကို ပျော်ပါတယ်။ ပရိတ်သတ်ရဲ့ ရွေးချယ်မှုကြောင့် ကျွန်တော် ဒီဆုကို ရရှိခဲ့တာပါ။ ပရိတ်သတ်များရဲ့ ချစ်ခင်မှုနဲ့ ထောက်ပံ့မှုတွေ ရရှိတယ်လို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော် အကောင်းဆုံး လုပ်ဆောင်သွားမှာပါ” ဟု လီမင်ဟိုက ပြောကြားသည်။
“ကျွန်တော် အခုလိုမျိုး ရွေးချယ်ခံရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် မဲပေးမှုမှာ ပါဝင်ခဲ့တဲ့ သူတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ခင်ဗျားတို့ကို ချစ်ခင်ပါတယ်လို့ ပြောချင်ပါ တယ်။ ကျွန်တော် အနာဂတ်မှာ ဒီထက်ပိုကောင်းအောင် လုပ်ဆောင်သွားမှာပါ” ဟု လီဂျောင်ဆွတ်ခ် က ပြောကြားသည်။
တရုတ်ပရိတ်သတ်များက ရွေးချယ်သော ထိပ်တန်းကိုရီးယား ကြယ်ပွင့် ဆယ်ဦးစာရင်းတွင် လီမင်ဟို၊ လီဂျောင်ဆွတ်ခ်၊ ကင်ဆိုဟွန်း၊ Super Junior၊ EXO ၊BIGBANG လီကွမ်ဆို၊ ယိုဂျေး ဆွတ်ခ်၊ Girls’ Generation နှင့် CNBLUE အဖွဲ့တို့ ပါဝင်သည်။