ဖန်ဂရန်ရာဇီ ရေခဲတောင်ကိုတက်ရောက်စဉ် ခြေချော်ပြုတ်ကျကာ သေဆုံးခဲ့ရသည့် မစိမ့်ထက် သေဆုံးမှု အတွက် တောင်တက်အဖွဲ့ခေါင်းဆောင်နှစ်ဦးကို ပေါ့လျော့ခြင်းဖြင့်သေစေမှုပုဒ်မ ၃၀၄(က) ဖြင့် ပူတာ အိုမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မစိမ့်ထက်၏ ဖခင်ဖြစ်သူ ဦးမောင်မောင်လေး ကပြောသည်။
မစိမ့်ထက်သေဆုံးမှုနှင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခဲ့မှုများအတွက် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ စင်ထရယ်ဟိုတယ်တွင် ဇွန်လ ၇ ရက်နေ့ကပြုလုပ်ခဲ့သည်။
ရိုက်ကူး / တည်းဖြတ် - စိုးသူအောင်