တရားဥပဒေစိုးမိုးရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရာအိမ်မှူးများကို ဇွန်လအတွင်း စွမ်းရည်မြင့် သင်တန်း ပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်က ဇွန်လ၃ရက်နေ့ တွင်ပြော သည်။
“အခြေခံအကျဆုံးဖြစ်တဲ့ ရာအိမ်မှူးတွေကို လိုအပ်လိုရှိရင် ဆယ်အိမ်မှူးတွေအထိစွမ်းရည်မြင့်မားဖို ့ အစီအစဉ် ရှိပါတယ်၊၊ လက်ရှိအချိန်မှာ အုပ်ချုပ်ရေးမှူးတွေကို စွမ်းရည်မြင့်မားမယ် ပြီးရင် တစ်တိုင်း လုံးမှာရှိတဲ့ ရာအိမ်မှူး တွေက ရပ်ရွာအေးချမ်းသာယာရေး၊တရားဥပဒေစိုးမိုးရေး အသိပညာတိုးပွားလာပြီး ဥပဒေ နည်းဥပဒေ လုပ်ထုံး လုပ်နည်း ပိုမိုသိရှိလာပြီး လုပ်ငန်းစွမ်းဆောင်ရည်တိုးလာမှာဖြစ်တယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဇွန်လ၃ရက်နေ ့တိုင်းဒေသကြီးအစိုးရရုံး အစည်းအဝေးတွင် ပြောသည်။
ရိုက်ကူး- စည်သူမောင်မောင်