ဇွန် ၂ ။ ။ ကုန်သွယ်ရေးနဲ့ပတ်သက်လို့ အမေရိကန်ကို ယှဉ်ပြိင်တိုက်ပွဲဝင်ဖို့ အသင့်ရှိကြောင်း တရုတ် ကာကွယ်ရေး ဝန််ကြီးက ဇွန်လ ၂ ရက်မှာ ပြောဆိုလိုက်ပါတယ်။ သို့ပေမယ့်လည်း ဆွေးနွေးမှုတွေလုပ်ဖို့ အချိန်မရွေး တံခါးဖွင့်ထားဆဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။
“ ဒီ ကုန်သွယ်ရေး ပဋိပက္ခက အမေရိကန်က စတာပါ၊ ဒီတော့ အမေရိကန်ဘက်က ဆွေးနွေးချင်တယ်ဆိုရင် ကျွန်တော်တို့ဘက်က တံခါးဆက်ဖွင့်ထားဆဲပါ၊ ဒီလိုမှမဟုတ်ပဲ သူတို့ ယှဉ်ပြိုင်တိုက်ခိုက်ချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ကတော့ အဆင်သင့်ပါပဲ” လို့ တရုတ် ဗိုလ်ချုပ်ကြီး ဝေ ဖုန်းဟီက စင်ကာပူမှာ ပြုလုပ်တဲ့ နိုင်ငံတကာ လုံခြုံရေး ဆွေးနွေးပွဲတစ်ခုမှာ ပြောသွားပါတယ်။
- အမေရိကန်ဟာ အရှက်ကင်းမဲ့တဲ့ စီးပွားရေး အကြမ်းဖက်ဝါဒီလို့ တရုတ် စွပ်စွဲ
- ကုန်သွယ်ရေးစစ်ကို မလိုလားပေမယ့် တံခါးဝထိ ရောက်လာရင်တော့ အဆုံးထိ တိုက်ခိုက်သွားမယ်လို့ တရုတ် ပြော
လက်ရှိမှာ ၀ါရှင်တန်နဲ့ ပေကျင်းအကြား ကုန်သွယ်ရေး စစ်ပွဲတစ်ခုအတွင်း ပိတ်မိနေလျက် ရှိပြီး မြောက်မြားစွာသော အခွန်အကောင်တွေ အပြန်အလှန် ချမှတ်ကောက်ခံနေလျက် ရှိပါတယ်။
တစ်ချိန်တည်းမှာလည်းပဲ ယခုလို ကုန်သွယ်ရေးစစ်ဖြစ်ခြင်းက အမေရိကန်ကို တစ်ဖန် ပြန်လည် ကြီးကျယ်ခမ်းနားစေခြင်းမရှိဘူးလို့ တရုတ်တို့ဘက်က ပြောဆိုလိုက်ပါတယ်။
ယင်းအစား ဒီ ကုန်သွယ်ရေးစစ်က အမေရိကန် စီးပွားရေးကိုပဲ ထိခိုက်ထားစေခဲ့တယ်လို့ ဆိုပါတယ်။
ယင်းအတွက်ကြောင့် နှစ်ဘက် ဆွေးနွေးမှုတွေကနေတဆင့် အဖြေတစ်ခု ရှာသွားချင်တယ်လို့လည်း တရုတ်ဘက်က ပြောဆိုသွားခဲ့ပါတယ်။