မေ ၂၂ ။ ။ မြန်မာမှာ ထွက်ရှိသည့် Dysprosium oxide နှင့် Terbium oxide အပါအဝင် အလယ်အလတ်နှင့် အကြီးစား Rare earths (မြေရှားသတ္ထုများ) ပြည်တွင်းသို့ ဝယ်ယူတင်သွင်းနေမှုအပေါ် ပိတ်ပင်ချက်ကို တရုတ်က သက်တမ်းတိုးလိုက်ပြီဆိုသည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။
Rare earth နှင့် သက်ဆိုင်သည့် Commodities များ တင်သွင်းနေမှုကို ပြီးခဲ့သည့် မေလ ၁၅ ရက်မှစပြီး Yunnnan ပြည်နယ်ရှိ Tengchong အကောက်ခွန်ဌာနက ရပ်ဆိုင်းလိုက်သည်။ Tengchong အကောက်ခွန်ဂိတ်သည် မြန်မာနိုင်ငံမှ တရုတ်သို့ rare earth တင်ပို့မှုများအတွက် အသုံးပြုနေသည့် တစ်ခုတည်းသော ဝင်ပေါက်လည်း ဖြစ်သည်။
- Android အသုံးပြုမှုနဲ့ပတ်သက်လို့ Huawei အပေါ် Google က ပိတ်ပင်ကန့်သတ်
- ကုန်သွယ်ရေးစစ် တင်းမာမှု မြင့်တက်နေချိန် ပြည်သူများကို Long March စိတ်ဓာတ် ရိုက်သွင်းလှုံ့ဆော်စည်းရုံးရန် တရုတ်သမ္မတ ရည်ရွယ်
- Huawei အပေါ် Google ရဲ့ ပိတ်ပင်ကန့်သတ်မှု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန တုန့်ပြန်
တရုတ် Great Wall Securities ၏ အဆိုအရ တရုတ်သို့ အလယ်အလတ်စားနှင့် အကြီးစား Rare earths များ ပေးသွင်းထောက်ပံ့နေသော အဓိက supplier များထဲတွင် မြန်မာလည်း ပါဝင်နေကြောင်း၊ ပြီးခဲ့သည့် ၂၀၁၈ က ယင်းကဲ့သို့ ထုတ်ကုန်များကို တရုတ်ပြည်တွင်း သုံးစွဲမှု၏ ၅၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံက ပေးသွင်းမှုနှင့် ညီမျှခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ မြေရှား Rare earth များကို မြန်မာကနေတဆင့် တင်သွင်းနေမှုများအပေါ် ထိန်းချုပ် ကန့်သတ်လိုက်ခြင်း၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးအတွက် ပြည်တွင်း၌ စည်းမျဉ်းများ တင်းကျပ်နေခြင်း၊ အမေရိကန်မှ Rare Earth တင်သွင်းမှုများအပေါ် ၁၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ အခွန်များ တိုးမြှင့်သွားခြင်းစသည့် အချက်များကြောင့် Rare earth စျေးနှုန်းများမှာ ရေတိုကာလအတွင်း မြင့်တက်သွားဖွယ်ရှိကြောင်း လုပ်ငန်းတွင်းကျွမ်းကျင်သူများက ယုံကြည်နေကြသည်။
မြန်မာဆီကနေ ဝယ်ယူတင်သွင်းနေမှုများမှာ တရုတ်၏ စုစုပေါင်း တစ်နှစ်တာတင်သွင်းမှုများ၏ ထက်ဝက်မျှ နှင့် ညီမျှနေသည့်အတွက် ယခုကဲ့သို့ ကန့်သတ်ထိန်းချုပ်မှုကြောင့် Rare earth စျေးနှုန်းများကို သေချာပေါက် တက်သွားစေဖွယ်ရာ ရှိနေကြောင်း Bloomberg Intelligence မှ သတ္ထုနှင့် မိုင်းလုပ်ငန်းဆိုင်ရာ အကြီးတန်း သုတေသီ Zhu Yi က ပြောသည်။