ယူကေရှိ အရွယ်ရောက်ပြီးသူများသည် ကမ္ဘာပေါ်က ကျန်နေရာဒေသများရှိ သူများထက် ပိုပြီး အရက်မူးသည့် အကြိမ်နှုန်း ပိုများနေကြောင်း လေ့လာချက်စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဗြိတိန် နိုင်ငံသားတို့သည် ၁၂ လတာ ကာလပတ်တစ်ခုအတွင်း ပျမ်းမျှအားဖြင့် ကြိမ်ရေ ၅၁ ဒသမ ၁ ကြိမ်ခန့် အရက်မူးယစ်နေလျက်ရှိပြီး ယင်းက တစ်ပတ်လျင် တစ်ကြိမ်နီးပါးခန့်နှင့် ညီမျှနေသည်ဟု သိရသည်။
နှိုင်းယှဉ်ကြည့်မည် ဆိုပါက ကမ္ဘာ့ ပျမ်းမျှ ကြိမ်နှုန်းရေမှာ ၃၃ မျှသာ ဖြစ်ကြောင်း နိုင်ငံပေါင်း ၃၆ ခုတွင် နေထိုင်သူများထံမှ ကောက်ခံရရှိသော ဒေတာ အကဲဖြတ်စာရင်းတစ်ခုအရ သိရသည်။
ယခုကဲ့သို့ အရက်မူးမှု ကြိမ်နှုန်း များပြားမှု စာရင်းတွင် ယူကေ၏ နောက်၌ အမေရိကန်၊ ကနေဒါနှင့် သြစတြေးလျ တို့ ရှိနေသည်။
ဗြိတိန်နိုင်ငံသားတို့သည် ပြီးခဲ့သည့် ဆယ်နှစ်အကြာတုန်းကနဲ့ယှဉ်ပါက အရက်သောက်သုံးမှု နည်းပါးသွားသည်ဟု ဆိုသည့် ပြီးခဲ့တဲ့ အပတ်က ထုတ်ဖော်သည့် စစ်တမ်းတစ်ခုပါ ဖော်ပြထားချက်များနှင့် ယခု စစ်တမ်းတွေ့ရှိချက်များက ဆန့်ကျင်ကွဲလွဲနေလျက်ရှိကြောင်း ဝေဖန်သူများက သုံးသပ်ခဲ့ကြသည်။