ရာသီဥတု ပြောင်းလဲမှုက မိတ်လိုက်တာကို အားပေးရာ ရောက်နိုင်လို့ မျိုးသုဉ်းမယ့်ဘေး ရင်ဆိုင်နေရတဲ့ ကာကာပို ကြက်တူရွေးတွေ သားပေါက်မှု စံချိန်ချိုး

ရာသီဥတု ပြောင်းလဲမှုက မိတ်လိုက်တာကို အားပေးရာ ရောက်နိုင်လို့ မျိုးသုဉ်းမယ့်ဘေး ရင်ဆိုင်နေရတဲ့ ကာကာပို ကြက်တူရွေးတွေ သားပေါက်မှု စံချိန်ချိုး

ဝယ်လ်လင်တန်၊ ဧပြီ ၁၈ ။     ။ မျိုးသုဉ်းမယ့်ဘေး စိုးရိမ်စရာရှိနေတဲ့ ကမ္ဘာ့ အဝဖြီးဆုံး ကာကာပိုကြက်တူရွေးတွေဟာ ဒီရာသီမှာ စံချိန်တင် သားပေါက်ကြကြောင်း နယူးဇီလန် သိပ္ပံပညာရှင်တွေက ဧပြီ ၁၈ ရက်မှာ ပြောပါတယ်။

ရာသီဥတု ပြောင်းလဲမှုဟာ ကာကာပိုကြက်တူရွေးတွေရဲ့ မိတ်လိုက်မှုကို ပိုပြီး အားပေးရာ ရောက်နိုင်ဖွယ်ရှိတယ်လို့လည်း ၎င်းပညာရှင််တွေက ပြောပါတယ်။

မပျံသန်းနိုင်တဲ့ ညဖက်မှာပဲ ကျက်စားကြတဲ့ ကာကာပို ကြက်တူရွေးတွေဟာ နှစ် ငါးဆယ်အတွင်း မျိုးသုဉ်းသွားလိမ့်မယ်လို့ တွေးဆထားခဲ့တာ ဖြစ်သလို ဒီနှစ် သားပေါက်ရာသီမှာ ကောင်ရေ ၇၅ ကောင်သာ ပေါက်ဖွား ရှင်သန်မယ်လို့ ခန့်မှန်းထားခဲ့တာဖြစ်ကြောင်း နယူးဇီလန် ကာကာပို ပြန်လည်ပေါက်ဖွားရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်နေတဲ့ သိပ္ပံအကြံပေး အင်ဒရူးက ပြောပါတယ်။

အင်ဒရူးဟာ ကာကာပိုကြက်တူရွေးတွေ သားပေါက်တာကို ကြီးကြပ်ကွပ်ကဲနေသူဖြစ်ကာ သိပ္ပံပညာရှင်တွေအနေနဲ့ ကာကာပိုကြက်တူရွေး ဥပေါင်း ၂၄၉ ဥဟာ လာမယ့် သောကြာနေ့မှာ သားပေါက်လာဖို့ ရှိနေတာအတွက် လုပ်ဆောင်နေတာပါ။

ဒီအတွက် ကာကာပိုကြက်တူရွေးအကောင်ကြီး ၁၄၇ ကောင်သာ ရှိတော့တဲ့ နှုန်းထားမှာ ကောင်ရေ သိသိသာသာ တိုးလာတော့မှာပဲ ဖြစ်ပါတယ်။

 
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly