၀ါရှင်တန်၊ ဧပြီ ၁၅ ။ ။ Facebook၊ Instagram နဲ့ WhatsApp လူမှုမီဒီယာတွေဟာ ဧပြီ ၁၄ ရက် နံနက်ပိုင်းက တကမ္ဘာလုံးအနှံ့ ပြတ်တောက်သွားမှု ဖြစ်ပေါ်ခဲ့ပါတယ်။
Facebook နဲ့ Instagram နှစ်ခုစလုံးဟာ သုံးစွဲလို့ မရတော့ဘဲ news feeds တွေကို refresh လုပ်လို့ မရခဲ့တာ ဖြစ်ပါတယ်။
Facebook.com ဒိုမိန်းကိုလည်း နှစ်နာရီကျော်ကြာ ရရှိခြင်း မရှိတော့တာပါ။
WhatsApp မှာလည်း မက်ဆေ့ချ်တွေကို ပေးပို့လို့ မရသလို လက်ခံရတာလည်း မရှိတော့ပဲ ဖြစ်ခဲ့ပါတယ်။
Facebook ရဲ့ အဓိကဆားဗစ် Facebook ပိုင် Instagram နဲ့ WhatsApp တွေကို သုံးစွဲသူတွေဟာ တွစ်တာ ပြောင်းသုံးကြပြီး သူတို့တွေ ကြုံတွေ့တဲ့ ပြဿနာကို ဖြန့်ဝေကြပါတယ်။
Facebook ရဲ့ chat service ဖြစ်တဲ့ Messenger ဟာလည်း နှစ်နာရီကျော်ကြာ ပိတ်ကျသွားခဲ့ပါတယ်။
ခုလို ပြတ်တောက်ပိတ်ကျမှု ဖြစ်ပေါ်တာဟာ အရှေ့တိုင်းစံတော်ချိန် နံနက် ခြောက်နာရီခွဲ ဝန်းကျင်မှာ ဖြစ်ပြီး အချို့နေရာတွေက တော်တော်လေးကို သက်ရောက်မှု များခဲ့ပါတယ်။
“ဒီကနေ့ နံနက်ပိုင်းမှာ လူတွေအချို့ လူမှုမီဒီယာ App တွေကို သုံးစွဲချိတ်ဆက်လို့ မရဖြစ်ခဲ့ရတယ်။ ဒီ ပြဿနာကို ဖြေရှင်းပြီးပါပြီ။ ဖြစ်ပွားခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်။”လို့ ဖေ့ဘုတ် ပြောခွင့်ရသူတစ်ဦးက ဆိုပါတယ်။
ခုလို ပြတ်တောက်ပိတ်ကျမှုဖြစ်တာဟာ အဲဒီ နံနက်ပိုင်း အရှေ့တိုင်းစံတော်ချိန် ကိုးနာရီလောက်မှာ ပြန်လည်ကောင်းမွန်ခဲ့ပါတယ်။
ခု ဖြစ်ပွားတာဟာ Facebook အနေနဲ့ တစ်လလောက် အတွင်းမှာ ဒုတိယအကြိမ်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်းမှာလည်း Facebook၊ WhatsApp နဲ့ Instagram တွေကို နာရီအတန်ကြာ သုံးလို့မရဘဲ ဖြစ်ခဲ့ပါတယ်။