ရိုဟင်ဂျာဆိုသူ မွတ်စလင်များအပေါ် အလွဲသုံးစားပြုမှုခြင်းကြောင့် သမ္မတဦးသိန်းစိန်အား အမေရိကန်တွင် တရားစွဲဆိုထား

ရိုဟင်ဂျာဆိုသူ မွတ်စလင်များအပေါ် အလွဲသုံးစားပြုမှုခြင်းကြောင့် သမ္မတဦးသိန်းစိန်အား အမေရိကန်တွင် တရားစွဲဆိုထား

အမေရိကန်နိုင်ငံရှိ မွတ်စလင်အခွင့်အရေး တက်ကြွလှုပ်ရှားသူများက မြန်မာသမ္မတ ဦးသိန်းစိန်အား လူနည်းစု ရိုဟင်ဂျာဆိုသူများ လူ့အခွင့်အရေးအပေါ် သမ္မတနှင့် ဝန်ကြီးများအချို့က အလွဲသုံးစားပြုမှု လုပ်ဆောင်သည်ဟုဆိုကာ သမိုင်းဝင်အထွေထွေရွေးကောက်ပွဲ ကျင်းပကာနီးကာလ သီတင်းပတ်အနည်းငယ်အလိုတွင် တရားစွဲဆိုလိုက်ကြသည်။

မန်ဟတ်တန်ဗဟိုတရားရုံးသို့ သမ္မတဦးသိန်းစိန်နှင့် ထိပ်တန်းအစိုးရ အကြီးအကဲများက အမုန်းတရားရာဇဝတ်မှုများနှင့် ခွဲခြားဆက်ဆံခြင်းများဖြင့် လူမျိုးတုံးသတ်ဖြတ်ခြင်းကိုဖြစ်ပွားအောင် စီမံသွေးထိုး လှုံ့ဆော်နေကြောင်း စွပ်စွဲတိုင်တန်းထားခြင်းဖြစ်သည်။

တရားလိုများက ဦးသိန်းစိန်နှင့် ဝန်ကြီးမျာက မွတ်စလင်ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်ခြင်းများ၊ နှိပ်စက်ညှင်းပန်းခြင်းများ၊ အာဏာရှင်ဆန်ဆန်ပြုမှုခြင်း၊ ဖမ်းဆီးခြင်း၊ ရက်စက်စော်ကားခြင်း၊ လူမဆန်စွာပြုမှုနှင့် ချိုးနှိမ်ဆက်ဆံခြင်းများကို ကြိုးကိုင်လုပ်ဆောင်နေသည်ဟု စွပ်စွဲတိုင်ကြားထားခြင်းဖြစ်သည်။

မြန်မာအစိုးရပြောရေးဆိုခွင့်ရှိသူက ချက်ချင်းတုံ့ပြန်ထင်မြင်ချက်ပေးခြင်းမရှိဘဲ အီးမေးလ်ဖြင့် မေးမြန်မှုကိုလည်း ပြန်ကြားခြင်းမရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

အမှုတိုင်ကြားမှုကို မွတ်စလင်အဖွဲ့အစည်း ၁၉ ခုပါ အုပ်စု Burma Task Force နှင့် ရိုဟင်ဂျာဟု ဆိုထားသူ ဦးဌေးလွင်ဦးဆိုသူက အမှုဖွင့်တိုင်ကြားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly