ဖိလစ်ပိုင်က မိုးမျှော်တိုက်ကြီးပေါ် တက်ခဲ့တဲ့ ပြင်သစ် ပင့်ကူလူသား ဖမ်းဆီးခံရ

ဖိလစ်ပိုင်က မိုးမျှော်တိုက်ကြီးပေါ် တက်ခဲ့တဲ့ ပြင်သစ် ပင့်ကူလူသား ဖမ်းဆီးခံရ

ဇန်နဝါရီ ၂၉  ။              ။ ပြင်သစ် ပင့်ကူလူသား လို့ နာမည်ကြီးတဲ့ အမြင့်တက်သမား အလိန်း ရောဘတ်ကတော့ ဇန်နဝါရီ ၂၉ ရက်မှာပဲ ဖိလစ်ပိုင်နိုင်ငံက အထပ်မြင့် မိုးမျှော်တိုက်ကြီးတစ်ခုအပေါ် အလွတ် တက်ပြခဲ့ပြီးနောက် ဖမ်းဆီးခံလိုက်ရပါတယ်။

အသက် ၅၆ နှစ်အရွယ် ရောဘတ်ဟာ ယင်းနေ့က ဖိလစ်ပိုင်ရှိ အမြင့်မားဆုံးသော အဆောက်အအုံတွေအနက် တစ်ခုဖြစ်တဲ့ G T International Tower ပေါ်ကို ဘာအကူအညီမှ မပါဘဲ အလွတ်တက်ခဲ့တာဖြစ်ပြီး ယင်းနောက် အာဏာပိုင်တွေရဲ့ ထိန်းသိမ်းခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။

ရုံးတက်ရုံးဆင်း အသွားအလာများချိန် ယင်း တာဝါကြီးပေါ်မှာ တွက်တက်နေတဲ့ ၎င်းကို တွေ့ရှိခဲ့ရပါတယ်။

အမြင့် ၂၁၇ မီတာ ရှိ မှန်ချပ်တွေနဲ့ ကာရံထားတဲ့ မိုးမျှော်တိုက်ကြီးပေါ်ကို တဆင့်ပြီး တဆင့် တွက်တက်သွားခဲ့တာဖြစ်ပါတယ်။

ယင်းနောက် အောက်ကို ပြန်ဆင်းလာခဲ့တဲ့ ရောဘတ်ကို ခွင့်ပြုချက်မပါဘဲ အဆောက်အဦးပေါ် တက်မှုနဲ့ ဖိလစ်ပိုင်တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်ပါတယ်။

လူပုဂ္ဂိုလ်တစ်ဦးတည်းက အဆောက်အအုံ အများဆုံးကို တက်ပြထားနိုင်မှုနဲ့ ဂင်းနစ်စံချိန်တင်ထားနိုင်ခဲ့တဲ့ ရောဘတ်ကို အရေးယူဖို့လည်း စီစဉ်နေကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူတွေက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly