ပါကစ္စတန် ဘတ်စ်ကား မီးလောင်၊ လူ ၂၄ ဦး သေဆုံး

ပါကစ္စတန် ဘတ်စ်ကား မီးလောင်၊ လူ ၂၄ ဦး သေဆုံး

ဇန်နဝါရီ ၂၂ ။              ။ ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇန်နဝါရီ ၂၁ ရက်က ဘတ်စ်ကားတစ်စီး မီးလောင်ခဲ့လို့ အနည်းဆုံး လူ ၂၄ ဦး သေဆုံးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဆိုပါ ဘတ်စ်ကားဟာ ထရပ်ကားတစ်စီးနဲ့ တိုက်မိပြီး ယခုလို မီးလောင်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ခရီးသည် ဒါဇင်နဲ့ချီ လိုက်ပါစီးနင်းလာတဲ့ အဆိုပါ ဘတ်စ်ကားဟာ Karachi မြို့ကနေ Panjgur ဒေသဆီ ဦးတည်မောင်းနှင်လာစဉ် Lasbela ဒေသမှာ ယခုလို ယာဉ်တိုက်မီးလောင်မှု ဖြစ်ခဲ့တာဖြစ်ပါတယ်။

" လောလောဆယ် ကားထဲကနေ အလောင်း ၂၄ လောင်း ပြန်ထုတ်ထားပြီးပါပြီ၊ အလောင်းအားလုံးကတော့ မီးကျွမ်းနေပါပြီ" လို့ ဒေသ အကြီးအကဲ ရှာဘီယာ မန်ဂယ်လ်က ပြောပါတယ်။

" ကားအတွင်းပိုင်းက မီးလောင်ထားတော့ အတော့်ကို ပူပါတယ်၊ ဒီတော့ အလောင်းတွေကို ဖြည်းဖြည်းချင်းပဲ ဆွဲထုတ်နေရပါတယ်" လို့ ၎င်းက ပြောပါတယ်။

ယင်း ကားမီးလောင်မှုသတင်းကို ပါကစ္စတန် ရဲတပ်ဖွဲ့ အကြီးတန်း ရဲအရာရှိကြီးတစ်ဦးဖြစ်တဲ့ အက်ဂါ ရမ်ဇန် အလီ ကလည်း အတည်ပြုသွားပါတယ်။

ယင်းနိုင်ငံမှာတော့ ယခုလို လူသေဆုံးစေတဲ့ ယာဉ်မတော်တဆမှု ဖြစ်စဉ်တွေဟာ မကြာခဏ ဆိုသလို ဖြစ်ပွားနေခဲ့ပြီး အဓိကအားဖြင့် မဆင်မခြင် မောင်းနှင်မှု၊ လမ်း အခြေအနေ ဆိုးရွားမှုတို့ကြောင့် ခုလို မျိုး ဖြစ်စဉ်တွေ ဖြစ်ပွားနေခဲ့တာဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly