ခရိုင်မီးယားကမ်းလွန်မှာ ဓာတ်ငွေ့တင်သင်္ဘောနှစ်စီး မီးလောင်၍ ၁၄ ဦး သေဆုံး

ခရိုင်မီးယားကမ်းလွန်မှာ ဓာတ်ငွေ့တင်သင်္ဘောနှစ်စီး မီးလောင်၍ ၁၄ ဦး သေဆုံး
Photo: AFP

မော်စကို၊ ဇန်နဝါရီ ၂၂ ။       ။ တန်ဇန်းနီးယားအလံ လွှင့်တင်ထားတဲ့ ဓာတ်ငွေ့တင် သင်္ဘောနှစ်စီးဟာ ရုရှသိမ်းပိုက်ခံ ခရိုင်းမီးယားဒေသရဲ့ ကမ်းလွန် ပင်လယ်နက်ထဲမှာ တနင်္လာနေ့က မီးလောင်ကျွမ်းမှုဖြစ်လို့ လူ ၁၄ ဦး သေဆုံးပြီး ငါးဦး ပျောက်ဆုံးလျက် ရှိနေပါတယ်။

“ရုပ်အလောင်း ၁၁ လောင်းကို ရရှိတယ်။ အခြားသုံးလောင်းကိုတော့ ရေအောက်မှာ ရှိနေတာကို ကယ်ဆယ်ရေးသမားတွေ တွေ့ရှိတယ်။”လို့ ရုရှရေကြောင်းနှင့် မြစ်ကြောင်း သယ်ယူပို့ဆောင်ရေး ဗဟိုဌာနဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အလက်ဇိုင်းကာရာ့ဗ်ချန်ကိုက ပြောပါတယ်။

ကန်ဒီနဲ့ မီစထရိုလို့ အမည်ရတဲ ဒီသင်္ဘောနှစ်စီးမှာ အိန္ဒိယနဲ့ တူရကီနိုင်ငံသား သင်္ဘောအမှုထမ်းတွေ လိုက်ပါလာတာဖြစ်ပါတယ်။

ကန်ဒီမှာ သင်္ဘောအမှုထမ်း ၁၇ ဦးနဲ့ မီစထရိုမှာ ၁၄ ဦး လိုက်ပါလာကြတာ ဖြစ်ပါတယ်။

အခု သင်္ဘောမီးလောင်မှုမှာ ၁၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် ကျန် ငါးဦးရဲ့ အခြေအနေကို မသိရသေးကြောင်း ကာရာ့ဗ်ချန်ကိုက ဆိုပပါတယ်။

“ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။”လို့ ၎င်းက ဆက်လက်ပြောပါတယ်။

အခု သင်္ဘောနှစ်စီးမီးလောင်မှုဟာ ရုရှနဲ့ ယူကရိန်းကြား တင်းမာမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ ကာ့ရှ်ရေလက်ကြားနဲ့ အနီးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly