ဇန်နဝါရီ ၇ ။ ။ ယခုရက်ပိုင်းမှာတော့ အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့မှာ ဆီးနှင်းတွေ ထူထပ်စွာ ကျဆင်းလျက်ရှိတယ် လို့ သိရပါတယ်။
နှစ်တစ်နှစ်ရဲ့ အစပိုင်းမှာ ယခုလို ဆီးနှင်းတွေ ကျဆင်းလာတာကို ကဘူးလ်မြို့သူမြို့သားတွေက ဝမ်းသာစွာနဲ့ ကြိုဆိုကြတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ဆီးနှင်းတွေသာ ယခုလို ဆက်တိုက်ကျဆင်းနေပါက ယခင်ကလို ရေပြတ်လပ်တာမျိုးတွေ မရှိတော့ဘဲ သီးနှံတွေကို ပြန်လည်စိုက်ပျိုးနိုင်တော့မည်ဖြစ်ကြောင်း ကဘူးလ်တောင်သူတစ်ဦးက ပြောပါတယ်။
လတ်တလော ထုတ်ပြန်ထားတဲ့ မိုးလေဝသ သတင်းအရ နောက်လတွေမှာလည်း ကဘူးလ်မြို့မှာ ဆီးနှင်းတွေ ဆက်လက်ကျဆင်းနေမယ်လို့ သိရပါတယ်။