ဘာစီလိုနာကစားသမား မာရှေယာနို အခွန်ရှောင်သည်ဟု စွပ်စွဲခံရ

ဘာစီလိုနာကစားသမား မာရှေယာနို အခွန်ရှောင်သည်ဟု စွပ်စွဲခံရ

စပိန်၊ သြဂုတ် ၂၉ ။                  ။ ဘာစီလိုနာအသင်းမှ အာဂျင်တီးနားလက်ရွေးစင် ကွင်းလယ်ကစားသမား  မာရှေယာနိုသည် အခွန်ငွေ ပေါင် ၁ သန်းကျော် ပေးဆောင်ရန် ပျက်ကွက်ခဲ့သည်ဟု စပိန်အခွန်ဦးစီးဋ္ဌာနမှ စွပ်စွဲပြောကြားထားသည်။

အသက် ၃၁ နှစ်အရွယ်ရှိ မာရှေယာနိုသည် ၂၀၁၀ ခုနှစ် သြဂုတ်လက ပြောင်းရွှေ့ကြေးပေါင် ၁၇ ဒသမ ၂၅ သန်းဖြင့် လီဗာပူးလ်မှ ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။

မာရှေယာနိုသည် အမေရိကန်နှင့် ပေါ်တူဂီကုမ္ပဏီများက ၎င်း၏ ပုံရိပ်အသုံးပြုခများနှင့် ပတ်သက်၍ ၂၀၁၁ ခုနှစ်က ၄၃၄,၆၈၁ ပေါင်၊ ၂၀၁၂ ခုနှစ်က ၇၁၆,၄၈၅ ပေါင် အခွန်ရှောင်ခဲ့သည်ဟု တရားရုံးက ပြောကြားခဲ့သည်။

အဆိုပါစွပ်စွဲချက်များနှင့် ပတ်သက်၍ မာရှေယာနို၏ ဘက်က တရားဝင်တုန့်ပြန်မှုမျိုး ပြုလုပ်ခြင်း မရှိသေးပေ။ မာရှေယာနိုသည် ယခုလအတွင်း ပေးချေရန်ရှိနေသည့် အခွန်ငွေအကြွေး ပေါင် ၁ သိန်းခွဲကို ပေးချေထားသည်ဟု တရားရုံးက သတင်းထုတ်ပြန်ထားသည်။

၎င်းတွင် အပြစ်ရှိပါက ထိုကဲ့သို့ ပေးချေခဲ့ခြင်းသည် မျက်နှာသာပေးရန် ပေးချေခြင်းဖြစ်သည်ဟု စပိန်မီဒီယာများက ရေးသားခဲ့ကြသည်။

မာရှေယာနိုသည် မက်ဆီနှင့် နေမာတို့၏နောက် အခွန်ငွေပြဿနာ အရှုပ်အရှင်းများ ဖြစ်ပေါ်လာသည့် တတိယမြောက် ဘာစီလိုနာကစားသမားဖြစ်သည်။

Ref ;  ဘီဘီစီ

 

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly