ငဖဲမြို့နယ်တွင် ဆေးခြောက်များဖမ်းမိ

ငဖဲမြို့နယ်တွင် ဆေးခြောက်များဖမ်းမိ

မကွေး၊ ဒီဇင်ဘာ ၂၀ ။           ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ငဖဲမြို့နယ် ရေနွယ်ကျေးရွာတွင် ဒီဇင်ဘာ(၁၉)ရက်နေ့ မနက်( ၇)နာရီအချိန်ခန့်က ဆေးခြောက်များ ဖမ်းဆီးရမိခဲ့ကြောင်း ပဒါန်းနယ်မြေစခန်းမှူ းထံကသိရသည်။

ဖြစ်စဉ်မှာဆေးခြောက်များ  သယ်ဆောင်ရောင်းချနေကြောင်း သတင်းအရ ပဒါန်းနယ်မြေရဲစခန်းမှူ း နှင့် တာဝန်ရှိသူများသည် ရေနွယ်ကျေးရွာ၊ကိုစံငွေနေအိမ်သို့ ရှာဖွေရန်သွားရောက်စဉ် ကိုစံငွေအိမ်ရှေ့၌ ထိုင်နေသော လူနှစ်ယောက်သည် ပီနံအိတ်(၂)အိတ်ယူဆောင် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီခဲ့ရကြောင်း ပဒါန်းနယ်မြေရဲစခန်း စခန်းမှူးရဲအုပ်ကျော်ကျော်ဦးက ပြောသည်။

ထိုအမှုအတွက် အိမ်ရှင် ကိုစံငွေနှင့်မောင်ရတို့အားဖမ်းဆီးရမိခဲ့ပြီး ပီနံအိတ်အဝါရောင်အတွင်းဆေးခြောက်ပင် အခြောက်(၄၀)ကျပ်သား၊ပီနံအိတ်အဖြူ ရောင်အတွင်းမှဆးခြောက်ပင်ခြောက်(၆၀)ကျပ်သား၊ စုစုပေါင်း(၁၆၃၃)ဂရမ်၊ဆေးခြောက်ရောင်းချငွေ(၈၉၁၀၀)ကျပ်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်အတွက် ပဒါန်းနယ်မြေရဲစခန်းတွင်မယ(ပ) ၁/၂၀၁၈မူး/စိတ်၁၉(က) /၂၀(က)/၂၁တို့ဖြင့် ကိုစံငွေ၊မောင်ရတို့နှစ်ဦးအား အရေးယူထားကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly