ဒီဇင်ဘာ ၈ ။ ။ ကော့စတာရီကာနိုင်ငံရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်းပြီး ပလတ်စတစ်ဘူးခွံများကောက်ကာ ဂင်းနစ်စံချိန်တင်နိုင်ရန် ကြိုးပမ်းလျက်ရှိတယ်လို့ သိရပါတယ်။
ဂင်းနစ်စံချိန်တင်ရန် ပလတ်စတစ်ဘူးခွံများလိုက်လံကောက်ယူရာမှာ ပလတ်စတစ်တန်ချိန်ပေါင်း ၃၀ တန်ရှိနေပြီလို့ သိရပါတယ်။
၈ နာရီအတွင်းမှာ ပလတ်စတစ်ဘူးခွံအများဆုံးကောက်နိုင်တဲ့ ဂင်းနစ်စံချိန်ကို ချိုးနိုင်ဖို့ ကြိုးစားနေခြင်းဖြစ်ကြောင်း Ecolones အဖွဲ့အစည်းရဲ့ ဒါရိုက်တာ ကာလာရှာဗေက ပြောပါတယ်။
ပလတ်စတစ်ဘူးခွံတွေ၊ ပလတ်စတစ်အမှိုက်တွေအနေနဲ့ ပင်လယ်ထဲမှာ၊ မြစ်ချောင်းတွေထဲမှာ မရှိရင် ကောက်ရတာ ပိုလွယ်ကြောင်း ဘူးခွံတွေကို မြစ်ချောင်း၊ ပင်လယ်တွေကနေ ဆယ်ယူပြီး ပြန်လည်အသုံးချနိုင်အောင် ပြုလုပ်သွားမှာဖြစ်ကြောင်း စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဂျေနာအကူနာက ပြောပါတယ်။