နိုဝင်ဘာ ၁၆ ။ ။ အားပြင်း ဆိုင်ကလုန်းမုန်တိုင်း ဂါဂျာကတော့ ယနေ့ နိုဝင်ဘာ ၁၆ ရက်မှာပဲ အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့ရာမှာ လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တစ်နာရီ လေတိုက်နှုန်း ၁၂၀ ကီလိုမီတာ (၇၅ မိုင်) နှုန်းရှိ ယင်းမုန်တိုင်းကတော့ တမီလ် နာဒူးပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်လာပြီး လေပြင်းတွေကြောင့် သစ်ပင်တွေ လဲကျကာ နေအိမ်တွေ ပျက်စီးသွားခဲ့ပါတယ်။
ပြည်သူ ၈၀,၀၀၀ ကျော်ဟာလည်း အဆိုပါ မုန်တိုင်းကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။
ယင်း မုန်တိုင်းဟာ အနောက်ဘက်ကို ဆက်လက်ဦးတည် ရွေ့လျားမယ်လို့ ခန့်မှန်းထားပြီး အာရေဗျ ပင်လယ်သို့ ဦးတည် ရောက်မသွားခင်မှာပဲ အားပျော့သွားလိမ့်မယ်လို့ အိန္ဒိယ မိုးလေဝသ ဌာနက ခန့်မှန်းထားပါတယ်။
မုန်တိုင်း ဝင်ရောက်ရာ ဒေသမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေလည်း ရှိနေခဲ့ပါတယ်။