ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား ဂျိမ်းစ်ရိုဒီရီဂွက်ဇ်ဟာ လေ့ကျင့်ခန်းပြုလုပ်ချိန်အတွင်း ဘယ်ဖက်ဒူးအရွတ်ဒဏ်ရာရရှိခဲ့တယ်လို့ ဘွန်ဒစ်လီဂါကလပ်က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။
အသက် ၂၇ နှစ်ရှိ ကိုလံဘီယားလက်ရွေးစင်ကစားသမားဟာ ခန့်မှန်ချေ ဘယ်ချိန်ပြန်လည်သက်သာလာမယ်ဆိုတာကိုတော့ ဘိုင်ယန်အသင်းက ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ဘဲ လာမယ့်သီတင်းပတ်အတွင်း ဆုံးဖြတ်နိုင်ဖွယ်ရှိတယ်လို့ ဆိုထားပါတယ်။
“ရိုဒီရီဂွက်ဇ်ဟာ အင်္ဂါနေ့က လေ့ကျင်းရေးပြုလုပ်ချိန်အတွင်း သူ့ရဲ့ ဘယ်ဖက်ဒူးမှာ အရွတ်စုတ်ပြဲဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ ဂျိမ်းစ်ဟာ ကုသမှုနဲ့ ပြန်လည်ကောင်းမွန်အောင် မလုပ်ခင် သူ့ရဲ့ ဒူးဒဏ်ရာဟာ ကနဦးအနေနဲ့ ၁၀ ရက်လောက် အနားယူရပါလိမ့်မယ်။”လို့ ဘိုင်ယန်အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရိုဒီရီဂွက်ဇ်ဟာ ဘိုင်ယန်အသင်းရဲ့ နည်းပြသစ် ကိုဗက်ရဲ့ လက်ထက်မှာ ပွဲထွက် ကစားခွင့်ပျောက်ဆုံးနေပြီး သူ့ကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရပါတယ်။
(EFE-EPA)