ယူကရိန်းအရှေ့ပိုင်းရှိ သူပုန်များအား ရုရှက ထောက်ပံ့နေခြင်းကြောင့် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခြင်း တစ်ရပ်အဖြစ် ရုရှလေကြောင်းလိုင်းလေယာဉ်များ နိုင်ငံတွင်းဖြတ်သန်းဝင်ရောက်ခွင့်ကို ယူကရိန်းနိုင်ငံ ကပိတ်ပင်တားမြစ်သွားမည်ဖြစ်သည်။
အောက်တိုဘာ ၂၅ ရက်တွင် စတင်ပိတ်ပင်မည်ဖြစ်ပြီး ရုရှရှိ အဓိကလေကြောင်းလိုင်းကြီးနှစ်ခုဖြစ်သည့် Aeroflot နှင့် Transaero တို့လည်း အပါအဝင်ဖြစ်မည်ဖြစ်ကြောင်း ယူကရိန်းက ပြောသည်။
ရုရှ၏ ကုန်တင်လေယာဉ်များလည်း စစ်လက်နက်ပစ္စည်းများ တင်ပို့သည့် လေယာဉ်များဖြစ်ပါက ယခုကဲ့သို့ တားမြစ်ပိတ်ပင်ခြင်းခံရမည်ဖြစ်သည်။
ရုရှက ယူကရိန်း၏ ယခုလုပ်ရပ်သည် ရူးနှမ်းသည့် လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုပြီး ပြန်လည်တုံ့ပြန်မည်ဖြစ်ကြောင်း ကုမ္ပဏီများ ကတိပြုခဲ့သည်။
လေယာဉ်များ ဖြတ်သန်းခွင့်ပိတ်ပင်ခြင်းကို ယူကရိန်း ဝန်ကြီးချုပ် အာဆင်နီယတ်စီနော့က ကြေညာလိုက်ခြင်းဖြစ်သည်။
"ရုရှလေယာဉ်များက ယူကရိန်းလေယာဉ်တွေမှာ လုပ်ငန်းတွေ လုပ်ဆောင်ခွင့် ရှိမှာမဟုတ်ဘူး။"ဟု ၎င်းက ပြောခဲ့သည်။
Ref: BBC