နိုဝင်ဘာ ၆ ။ ။ ပဏာမ မြန်မာ့လက်ရွေးစင်အသင်းမှ နောက်ခံလူ ထိုက်ထိုက်အောင်နှင့် ကွင်းလယ်လူ မျိုးကိုထွန်းတို့သည် ပေါင်ကြွက်သား ဒဏ်ရာ (ထိုက်ထိုက်အောင်)၊ ဒူးဒဏ်ရာ (မျိုးကိုထွန်း) များရရှိခဲ့ကြသဖြင့် ဆူဇူကီးဖလား ပွဲစဉ်စဉ်များနှင့် လွဲချော်ခဲ့ရပြီဖြစ်သည်။
အဆိုပါ ကစားသမားနှစ်ဦးစလုံးအား ပဏာမ လက်ရွေးစင်အသင်းမှ ယနေ့ ပြန်လည်စေလွှတ်လိုက်ပြီဖြစ်သည်။
၂၀၁၈ ခုနှစ် အာဆီယံချန်ပီယံရှစ် (ဆူဇူကီးဖလား) ပွဲစဉ်များအနက် လာမယ့် နိုဝင်ဘာ ၁၂ ရက်နေ့ မန္တလေးမြို့ မန္တလာသီရိကွင်းမှာ ကျင်းပမယ့် မြန်မာ့လက်ရွေးစင် အသင်းနဲ့ ကမ္ဘောဒီးယား အသင်းတို့ ယှဉ်ပြိုင်မည့်ပွဲ လွဲချော်မည် ဖြစ်သည်။
အဆိုပါ ပွဲစဉ်အတွက်လည်း ကြိုတင်လက်မှတ်များကို နိုဝင်ဘာလ ၇ ရက်နေ့မှစတင်ပြီး ဗထူးအားကစားကွင်း၊ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)၊ Central Point Shopping Mall တို့တွင် နေ့စဉ် မနက်(၁၀)နာရီမှ ညနေ(၅းဝ၀)နာရီအထိ ဖွင့်လှစ်ရောင်းချပေးသွားမည် ဖြစ်သည်။
လက်မှတ်ခ နှုန်းထားများမှာ ရိုးရိုးတန်း ၃၀၀၀ ကျပ်၊ အထူးတန်း ၅၀၀၀ ကျပ်ဖြစ်ပြီး Online Ticket အနေဖြင့် ရိုးရိုးတန်း ၃၃၀၀ ၊ အထူးတန်း ၅၅၀၀ ကျပ်ဖြစ်ကာ https://www.myanpwel.com/ev…/detail/1563/myanmar-vs-cambodia မှာ ဝယ်ယူနိုင်သည်။