လန်ဒန်၊ သြဂုတ် ၂၅ ။ ။ ချယ်လ်ဆီးဂိုးသမားကော့တွိုက်စ်၏ ဒူးဒဏ်ရာခွဲစိတ်ကုသမှုမှာ အောင်မြင်ခဲ့ပြီး ရက်သတ္တပတ် ၁၀ ပတ်ခန့် အနားယူရမည် ဖြစ်ကြောင်း ချယ်လ်ဆီးအသင်းက အတည်ပြုကြေညာခဲ့သည်။
ကော့တွိုက်စ်ကလည်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာများတွင် ခွဲစိတ်ကုသမှုပြီးစီးခဲ့သည့် ဓာတ်ပုံများကို တင်ပြီး ၁၀ ပတ်ခန့် အနားယူရမည်ဖော်ကြောင်း ဖော်ပြထားသည်။
ကော့တွိုက်စ်သည် ချယ်လ်ဆီးအသင်းနှင့် အဲဗာတန်အသင်းတို့ ကစားမည့်ပွဲမတိုင်မီပြုလုပ်ခဲ့သည့် လေ့ကျင့်ရေးအစီအစဉ်တွင် အဆိုပါဒူးဒဏ်ရာကို ရရှိခဲ့ခြင်းဖြစ်သည်။
စပိန်နိုင်ငံတွင် သွားရောက်ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး အရာရာအဆင်ပြေကြောင်းနှင့် အားပေးထောက်ခံခဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်း ကော့တွိုက်စ်က ရေးသားထားသည်။
ဒဏ်ရာကို ခွဲစိတ်ကုသခဲ့ရသည့်အတွက် ကော့တွိုက်စ်သည် ချန်ပီယံလိဂ်ပွဲစဉ် လေးပွဲ အပါအဝင် ချယ်လ်ဆီးအသင်း၏ ပွဲစဉ်ပေါင်း ၁၃ ပွဲကို လွဲချော်ရတော့မည် ဖြစ်သည်။
ကော့တွိုက်စ်မကစားနိုင်သည့်အချိန်တွင် ဒုတိယဂိုးသမားဘီဂိုဗစ်က လက်စွမ်းပြကစားလျက်ရှိပြီး ချယ်လ်ဆီးအသင်း သုံးပွဲဆက်တိုက် အနိုင်ရရှိထားသည်။
ကော့တွိုက်စ်က အကောင်းဆုံးပုံစံဖြင့် ပြန်လာမည် ဖြစ်ကြောင်းလည်း ၎င်း၏ လူမှုစာမျက်နှာများတွင် ရေးသားထားသည်။
Ref ; ဒေးလီးမေးလ်