ဂျူဗင်တပ်စ်တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်အတွက် ပရီးမီးယားလိဂ်မှာ ၈၄ ဂိုး၊ ရီးယဲလ်အသင်းအတွက် လာလီဂါမှာ ၃၁၁ ဂိုးနဲ့ အီတလီဘီလူးကြီးအတွက် စီးရီးအေမှာ ၅ ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။
သူဟာ စနေနေ့က ဂျူဗင်တပ်စ်အသင်းက ဂျီနိုအာကို ၁-၁ ဂိုးနဲ့ သရေကျတဲ့ပွဲမှာ အသင်းအတွက် ၁ ဂိုးသွင်းယူခဲ့တာကြောင့် လိဂ်သွင်းဂိုး ၄၀၀ ပြည့်တဲ့ ပထမဆုံးကစားသမားဖြစ်လာတာပါ။
ပြိုင်ဘက် မက်ဆီက ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ သွင်းဂိုး ၃၈၉ ဂိုးနဲ့ ဒီစာရင်းမှာ လက်ရှိ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။ မက်ဆီဟာ ဒီဂိုးအားလုံးကိုတော့ ဘာစီလိုနာတစ်သင်းတည်းအတွက် သွင်းယူခဲ့တာဖြစ်ပါတယ်။
စီရော်နယ်လ်ဒိုရဲ့ မယုံကြည်နိုင်လောက်တဲ့ သွင်းဂိုးစံချိန်ကို မှတ်တမ်းတင်နိုင်ဖို့ လွန်ခဲ့တဲ့ ၁၅ နှစ်အကြာ မန်ယူအသင်းသို့ ၂၀၀၃ ရာသီက ပြောင်းရွှေ့လာခဲ့တဲ့အချိန်က စတင်ခဲ့တာပါ။
သူဟာ စပို့တင်းလစ္စဘွန်အသင်းမှာ လိဂ်သွင်းဂိုး ၃ ဂိုးရရှိခဲ့ပေမယ့် ပေါ်တူဂီလိဂ်မှာ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ပါဝင်ခြင်းမရှိတဲ့အတွက် ဒီဂိုးတွေကို ထည့်သွင်းခြင်း မရှိပါဘူး။
စီရော်နယ်လ်ဒိုဟာ လိဂ်ဂိုး ၄၀၀ အတွက် ပွဲ ၄၈၇ ပွဲကစားခဲ့ရပြီး တစ်ပွဲပျမ်းမျှ ၀.၈ ဂိုးနှုန်း သွင်းယူခဲ့ပြီး မက်ဆီကတော့ တစ်ပွဲပျမ်မျှ ၀.၉၂ ဂိုးနှုန်း သွင်းယူနိုင်တာကြောင့် အနည်းငယ်ဂိုးသွင်းနဲ့ ပိုသာပါတယ်။
စီရော်နယ်လ်ဒိုဟာ ကလပ်ကစားသမားဘဝ ပြိုင်ပွဲစုံသွင်းဂိုးမှာ ၅၇၈ ဂိုးအထိရှိပြီး ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်လည်း ၁၅၄ ပွဲမှာ ၈၅ ဂိုးအထိ သွင်းယူထားရာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ လိဂ်သွင်းဂိုးအများဆုံးစာရင်းရဲ့ အဆင့် ၃ နေရာမှာတော့ စပါးအသင်း ဂန္ဓဝင်ကစားသမား ဂျင်မီဂရိစ်က ရပ်တည်နေပြီး သူဟာ ၁၉၅၇ မှ ၁၉၇၁ ခုနှစ်အတွင်း လိဂ်ပွဲပေါင်း ၅၂၉ ကစားပြီး ၃၆၆ ဂိုးသွင်းယူခဲ့ပါတယ်။
Ref; talkSPORT