အရှေ့တောင်အာရှတွင် မီးခိုဖုံးလွှမ်းစေခဲ့မှုနှင့် ပတ်သက်၍ လူခုနစ်ဦးကို အင်ဒိုနီးရှားဖမ်းဆီး

အရှေ့တောင်အာရှတွင် မီးခိုဖုံးလွှမ်းစေခဲ့မှုနှင့် ပတ်သက်၍ လူခုနစ်ဦးကို အင်ဒိုနီးရှားဖမ်းဆီး

စက်တင်ဘာ ၁၈ ။      ။ အင်ဒိုနီးရှား တောမီးလောင်ကျွမ်းမှုကြောင့် အရှေ့တောင်အာရှဒေသတွင် မီးခိုးများ ဖုံးလွှမ်းနေခဲ့ပြီးနောက်ပိုင်း ယခုအခါ တရားမဝင် လယ်ယာမြေ မီးရှို့မှုများနှင့် ပတ်သက်နေသော ကုမ္မဏီများမှ လူခုနစ်ဦးအား အင်ဒို ရဲများက ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ ယခုဖြစ်ရပ်သည် နိုင်ငံတွင် နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် မီးခိုမြူဖုံးလွှမ်းမှုပြသနာများနှင့် ကြုံ့တောင့်ကြုံခဲ ဖမ်းဆီးမှုလည်း ဖြစ်သည်။

၎င်းတို့ကို စက်တင်ဘာ ၁၆ ရက်က ဆူမားတြားကျွန်းတွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး အဆိုပါဒေသတွင် အာဏာပိုင်များမှာ မီးခိုးများ ထူထပ်စွာဖုံးလွှမ်းနေသည့်ကြားမှ  မီးတောက်များကို ငြိမ်းသတ်နိုင်ရန် ကြိုးပမ်းနေရသည်။ အဆိုပါ တောမီးသည် ဆီအုန်း စိုက်ပျိုးရေး လုပ်ငန်းများအတွက် မြေယာရှင်းလင်းမှုမှတဆင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား ရဲတပ်ဖွဲ့အကြီးအကဲ ဘာဒရိုဒင်ဟေတီ ကပြောကြား သည်။

ဖမ်းဆီးခံရသူများထဲမှ တစ်ချို့မှာ ကုမ္မဏီအမှုဆောင်အရာရှိများဖြစ်ကြကြောင်း ရဲများက ပြောဆိုခဲ့သော်လည်း ဆက်လက်၍ အသေးစိတ်အချက်အလက်များကို ရှင်းလင်းခဲ့ခြင်းမရှိပေ။ ၎င်းတို့၏ အမည်နာမ များနှင့် ကုမ္မဏီနာမည်တို့ကို အာဏာပိုင်များ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

အဖမ်းခံရသူများမှာ နိုင်ငံတွင် တောမီးရှို့မှုများ ကို တာမြစ်ထားသည့် ဥပဒေများအပေါ် ချိုးဖောက်ခဲ့ခြင်းကို စစ်ဆေးတွေ့ရှိရပါက ကြီးလေးသည့်ဒဏ်ကြေးပေးဆောင်ရမှုနှင့်အတူ ထောင်ဒဏ် ၁၅ နှစ်ထိ ကျခံရနိုင်ဖွယ်ရှိနေသည်။

" သမ္မတရဲ့ လမ်းညွှန်ချက်ကတော့ ရှင်းပါတယ်၊ တရားဥပဒေစိုးမိုးမှုရှိရပါလိမ့်မယ်၊ ဒါမှလည်း ဒီလိုမျိုး နောက်နှစ်မှာ ဆက်ဖြစ်မှာမဟုတ်တော့ပါဘူး " ဟု ရဲ တပ်ဖွဲ့အကြီးအကဲ ဟေတီက သတင်းထောက် များကိုပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly