ကမ္ဘာကျော် အဆိုတော် ဘရစ်တနီစပီးယားသည် ဇွန်လက ရုပ်ရှင်ထုတ်လုပ်သူ ချာလီ အပ်ဘာ ဆိုလ်နှင့် လမ်းခွဲခဲ့ပြီးနောက် တစ်ကိုယ်တည်း နေထိုင်ခဲ့သော်လည်း စက်တင်ဘာ ၁၃ ရက် ညက စားသောက်ဆိုင်ပိုင်ရှင် ဟယ်ရီမိုတန်နှင့် ချိန်းတွေ့နေသည့် ဘရစ်တနီကို တွေ့ရှိခဲ့သည်။
မိုတန်အတွက် အနုပညာရှင်များနှင့် တွဲနေသည်မှာ ထူးဆန်းခြင်း မရှိဘဲ မိုတန်သည် ယခင်က လင်ဆေးလိုဟန်၊ ဒယ်မီမိုးတို့နှင့် တွဲခဲ့ဖူးသူတစ်ဦး ဖြစ်သည်။
ဘရစ်တနီနှင့် မိုတန်တို့သည် စတူဒီယိုစီးတီးမြို့ရှိ Iroha ဆူရှီဆိုင်၌ စားပွဲတစ်လုံးတည်းတွင် နှစ်ယောက်အတူထိုင် စားသောက်နေသည်ကို တွေ့ခဲ့ရပြီး ၎င်းတို့နှစ်ဦး၏ ပထမဆုံး ချိန်းတွေ့ခြင်း ဖြစ်ကြောင်း TMZ တွင် ဖော်ပြထားသည်။
တွေ့ဆုံချိန်တွင် ဘရစ်တနီသည် ၎င်း၏ဖုန်းကို ကြည့်နေသော်လည်း ၎င်းတို့နှစ်ဦးသည် နက်နက်ရှိုင်းရှိုင်း ရှိပုံရကြောင်းနှင့် ဘရစ်တနီ ဝတ်ဆင်ထားသော ဝတ်စုံက သူ၏အလှကို ပိုမို ပေါ်လွင်စေသည်။
ဘရစ်တနီသည် အဖြူရောင် လည်ဟိုက်အင်္ကျ ီကို ဝတ်ဆင်ထားကာ အနက် ရောင်ဘောင်းဘီကို ဝတ်ဆင်ထားသည်မှာ နှစ်မြို့ဖွယ်ကောင်းလှအောင် လှပနေသည်။
မိုတန်သည် Morton Steakhouse တည်ထောင်သူ အာနီမိုတန်၏ မြေးဖြစ်ပြီး Peter Morton ကို ပူးတွဲတည်ထောင်သူ ဟက်ဒ်ရော့ခ်၏သား ဖြစ်သည်။ မိုတန်သည် မိသားစု စီးပွားရေး လုပ်ငန်း များကို ဦးစီးလုပ်ဆောင်လျက်ရှိပြီး ၎င်းသည် ဟောလိဝုဒ် စားသောက်ဆိုင် Pink Taco ဆိုင်၏ အမှုဆောင် အရာရှိချုပ်လည်းဖြစ်ပြီး Viper Room ၏ ပူးတွဲပိုင်ရှင်လည်း ဖြစ်သည်။