စက်တင်ဘာ ၁၂ ရက် ။ ။ နိုဝင်ဘာလ ၈ ရက်နေ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၇ ဦး ယှဉ်ပြိင်ကြမည်ဟု ဖြူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ခွဲမှ သိရသည်။
အဆိုပါ မြို့နယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ် နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုကျော်၊ သူရ ဦးရွှေမန်း၊ NLD ပါတီမှ ဦးသန့်ညွှန့်၊ တ.စ.ည ပါတီမှ ဒေါ်နန်းခင်ဦး၊ NDF ပါတီမှ ဒေါ်တင်မာဝင်း ၊တောင်သူလယ်သမား ဖွံ့ဖြိုးတက်ရေးပါတီမှ ဒေါ်နန်းစန်းစန်းယု၊ တသီးပုဂ္ဂလကိုယ်စားလှယ် ဒေါ်မြတ်နုခိုင်စိုးတို့ ဖြစ်သည်။
NLD ပါတီမှ ဦးသန့်ညွှန်သည် သူရဦးရွှေမန်းနှင့် ဖြူးမြို့နယ် အထက်တန်းကျောင်း တစ်ကျာင်းတည့် ဖြစ်သည့်ပြင် စစ်တက္ကသိုလ်ကိုလည်းအတူတက်ရောက်ခဲ့သူဖြစ်သည်ဟု သိရသည်။