ဂျပန်နိုင်ငံတွင်းသိုပ အီတာယူတိုင်ဖုန်းမုန်တိုင်း စက်တင်ဘာ ၉ ရက်က ဝင်ရောက်တိုက်ခတ်ရာ မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပြီး မြေမြိုမှု၊ ရေကြီးမှုများကြောင့် ထိခိုက်ဒဏ်ရာ ရသူများရှိခဲ့ကာ ပြည်သူပေါင်း သန်းဝက်ကျော်ကိုလည်း ဘေးကင်းရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန် အကြံပေးတိုက်တွန်းထားရသည်။
လေတိုက်နှုန်း တစ်နာရီလျှင် ၇၈ မိုင်နှုန်းဖြင့် အီချီပြည်နယ်တွင်းသို့ နံနက် ၁၀ နာရီအချိန်က ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မုန်တိုင်းကြောင့် ရထားလမ်းနှင့် လေကြောင်းပြေးဆွဲမှုများ ကစဉ့်ကလျားဖြစ်သွား ခဲ့ရသည်။
လမ်းများတွင် ရေကြီးမှုကြောင့် ကားများရေတွင် နစ်မြုပ်နေသကဲ့သို့ အိမ်များလည်း ရေမြုပ်လျက်ရှိသည်။ လူများမှ ဒူးကျော်နစ်မြုပ်သည့် ရေတွင်း ခက်ခက်ခဲခဲသွားလာနေရလျက်ရှိသည်။
ဒေသတစ်ချို့တွင် လျှပ်စစ်မီးများ ပြတ်တောက်နေပြီး တိုကျိုမြို့တော် အချို့အပိုင်းများတွင်လည်း ရေကြီးလျက်ရှိရာ ပြည်သူပေါင်း ၉၀၀၀၀၀ နီးပါးအား မြေပြိုမှုဘေးအန္တရာယ်ကြောင့် အိမ်များကို စွန့်ခွာကာ ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် အာဏာပိုင်များက တိုက်တွန်းလျက်ရှိသည်။
ဒဏ်ရာရရှိခဲ့သူပေါင်းမှာ တစ်ဒါဇင်ကျော်ထက်မနည်းရှိနေကြောင်း ဌာနေမီဒီယာတွင် သတင်းဖော်ပြသည်။
အဆိုပါမုန်တိုင်းသည် ယခုတွင် ဂျပန်ပင်လယ်တွင်းသို့ ရွှေ့လျားသွားပြီဖြစ်သည်။
ပြီးခဲ့သည့်လက အားပြင်းတိုင်ဖုန်းမုန်တိုင်း ဂွန်နီမုန်တိုင်း ဂျပန်တောင်ဖက်စွန်းပိုင်း ကျူရှုးကျွန်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကာ ဒဏ်ရာရသူ ၇၀ ရှိခဲ့သည်။
Ref: AFP