ဂျာမနီနိုင်ငံက ရွှေ့ပြောင်းဝင်ရောက်ကာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများကို တစ်နှစ်လျှင် ငါးသိန်းအနည်းဆုံးအထိ နှစ်အတန်ကြာ တာဝန်ယူနိုင်ကြောင်း ဒုတိယဝန်ကြီးချုပ် ဆစ်ဂမာဂါဘရီယယ်ကပြော သည်။
ယခုနှစ် ၂၀၁၅ တစ်နှစ်တည်းအတွက် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူပေါင်း ရှစ်သိန်းရှိမည်ဖြစ်ကြောင်း မျှော်မှန်းထားပြီး ယင်းအရေအတွက်သည် ၂၀၁၄ ခုနှစ်က အရေအတွက်ထက် လေးဆပိုသည်။
အဆိုပါ ရွှေ့ပြောင်းဝင်ရောက်သူများအား အခြားသော အီးယူနိုင်ငံများအနေဖြင့်လည်း မျှဝေတာဝန်ယူသင့်ကြောင့် ဂါဘရီယယ်က ပြောသည်။
စက်တင်ဘာ ၇ ရက် တစ်နေ့တည်းမှာပင် မက်စီဒိုနီးယားသို့ရောက်ရှိလာသည့် ဆီးရီးယားဒုက္ခသည်ဦးရေသည် ၇၀၀၀ စံချိန်တင်ရှိပြီး ဂရိကျွန်းများသို့ ရောက်ရှိအရေအတွက်မှာ ၃၀၀၀၀ ရှိကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR က ထုတ်ပြန်သည်။
ရွှေ့ပြောင်းဝင်ရောက်သူများ အစုလိုက်စုပြုံဝင်ရောက်ခြင်းကြောင့် ဥရောပနိုင်ငံအစိုးရများအနေဖြင့်လည်း ရတက်မအေးရှိကာ ယင်းပြဿနာအပေါ် တုံ့ပြန်ဆောင်ရွက်ပုံများကလည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီ ဝိဝါဒကွဲပြားလျက်ရှိနေသည်။
Ref: BBC