မဇ္ဈိမမီဒီယာမှ စီစဉ်တင်ဆက်သည့် ရွေးကောက်ပွဲအကြို “တောင်သူလယ်သမားများ ရင်ဆိုင်နေရသည့် အခက်အခဲ” ခေါင်းစဉ်ဖြင့် “Mizzima Dialogue” ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကို၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်နှင့် မြန်မာနိုင်ငံ တောင်သူလယ်သမားများ သမဂ္ဂ ဥက္ကဋ္ဌ ဒေါ်စုစုနွေးတို့မှ ဆွေးနွေးထားသည်။
ထိုဆွေးနွေးပွဲကို မြန်မာနိုင်ငံ၏ ဝါရင့်သတင်းစာဆရာ ဦးသီဟစောမှ မေးမြန်းသူ (Facilitator and moderator) အဖြစ် ဆောင်ရွက်ခဲ့ပါသည်။
ထိုအစီအစဉ်ကို လာမည့် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။