ကလေးဝ ကျောက်မီးသွေးမိုင်းပေါက်ကွဲမှု တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် ၅ ဦး သေဆုံး

ကလေးဝ ကျောက်မီးသွေးမိုင်းပေါက်ကွဲမှု တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် ၅ ဦး သေဆုံး
ဓာတ်ပုံ-သန်းဌေး

သြဂုတ် ၃ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာနဲ့ ဆယ်မိုင်ခန့်အကွာက ကျောက်မီးသွေး မိုင်းတစ်ခုမှာ ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံသားတစ်ဦးအပါအဝင်  လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၂ ရက် ည ၁၁ နာရီခန့်တွင် ထွန်းသွင် ကျောက်မီးသွေးတူးဖော်ရေး ကုမ္ပဏီ၊ ရွှေပေါက်ပေါက် မြေအောက် တူးဖော်ရေး လုပ်ကွက်တွင် အဝမှ အတွင်းသို့ ပေ(၇၀၀)၊ အနက်ပေ (၆၃၀)တွင် ကျောက်မီးသွေးကြောအတွင်းမှ ဂက်(စ်) (မီသိန်း ဓါတ်ငွေ့) ပွင့်ထွက်ပြီး ကျောက်မီးသွေးတွင်း ပြိုကျမှုဖြစ်ပွားခဲ့သည်ဟု သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်သည်။

သြဂုတ်လ ၃ ရက်နေ့  နေ့လည် ၂ နာရီတွင် ပိတ်မိနေသူ သေဆုံးသူ ၅ ဦးကို အပြင်ထုတ်နိုင်ခဲ့ပြီး  ၎င်းတို့ကို ကယ်ဆယ်ရန် ကြိုးပမ်းခဲ့သော အလုပ်သမား (၄) ယောက်မှာ အသက်ရှုကြပ်ပြီး ကလေးဝဆေးရုံမှာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားမှုကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို သြဂုတ်လ ၃ ရက်နေ့ မနက် ၉ နာရီမှာမှ သတင်းပို့ခဲ့ကြောင်း သိရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်မီးသွေး တွင်းမှာ အနက်ပေ (၆၀၀) ရှိပြီး အတွင်းကန့်လန့်ဖြတ် လမ်းကြောင်းပေ ၂၀၀ တွင် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly