ဇူလိုင် ၂၀ ။ ။ ဒီတစ်ပတ်အတွင်းမှာ Demi Lovato ဟာ Rapper အဆိုတော်တစ်ယောက်နဲ့ တွဲနေတယ်လို့ သတင်းထွက်နေပြီး တချို့ကတော့ အဲဒီ Rapper ကို G-Eazy ဖြစ်မယ်လို့ခန့်မှန်းကြပါတယ်။
ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က Los Angeles မှာကျင်းပတဲ့ ESPY ပွဲမှာတော့ အသက် ၂၉ နှစ်အရွယ် Rapper အဆိုတော် G-Eazy ဟာ အဲဒီညမှာ Demi Lovato နဲ့ အတူရှိမနေခဲ့ဘူးလို့ဆိုလာပါတယ်။
ကျွန်တော်နဲ့ Demi ကသူငယ်ချင်းလိုပဲခင်တာပါဟု ၎င်းကဆက်ပြောပါတယ်။
စနေနေ့မှာ Warwick ကလပ်သွားခဲ့တဲ့ Demi Lovato ကိုယောကျ်ားလေးတစ်ယောက်နဲ့ တွေ့လိုက်ရပေမယ့် ၎င်းရဲ့မျက်နှာကိုတော့ သေချာမမြင်လိုက်ရဘူးလို့ပြောကြပါတယ်။
G-Eazy နဲ့ ရည်းစားဖြစ်သူ Halsey တို့ ဇူလိုင်လဆန်းလောက်မှာ ပြတ်သွားခဲ့ပြီးမှ Demi Lovato နဲ့ယခုလို သတင်းထွက်တာဖြစ်ပါတယ်။