ဇူလိုင် ၁၁ ။ ။ အကျဉ်းသားတွေ စိတ်ပြေလက်ပျောက်ဖြစ်အောင် ရောမမြို့ရဲ့ Rebibbia အကျဉ်းစခန်းအာဏာပိုင်တွေက ၎င်းတို့ကို မြို့ထဲသွားပြီး ဥယျာဉ်စိုက်ပျိုးစေတာဖြစ်ပါတယ်။
အီတလီမှာရှိတဲ့ မြေလွတ်မြေရိုင်းတွေ စိမ်းစိုသာယာလာအောင်လုပ်ဖို့က အကျဉ်းသားတွေရဲ့ တာဝန်ဖြစ်နေပြီလို့ သိရပါတယ်။
သူတို့ထွက်ပြေးရင်တောင် ကျွန်တော်လိုက်ဖမ်းမှာမဟုတ်ဘူး။ ဒီစီမံကိန်းကြောင့် သူတို့ကိုယ်သူတို့တန်ဖိုးရှိမှန်းသိလာတယ်လို့ အကျဉ်းသားဥယျာဉ်မှူးတွေကို စောင့်ကြည့်နေတဲ့ Claudio Iacobelli ကပြောပါတယ်။
ရောမမြို့က ဥယျာဉ်စိုက်ပျိုးနည်းပညာကျောင်းတက်ပြီးတာနဲ့ အကျဉ်းသားအယောက် ၁၀၀ နီးပါး လက်တွေ့ကွင်းဆင်းလုပ်ကိုင်ရတာဖြစ်ပါတယ်။
မနက် ၉ နာရီကနေ ညနေ ၃ နာရီကြား၊ ရုံးဖွင့်ရက်တွေမှာ ဝါရင့်ဥယျာဉ်မှူးတွေရဲ့ ကြီးကြပ်မှုနဲ့အတူ ဥယျာဉ်စိုက်ပျိုးကြတယ်လို့ သိရပါတယ်။
ဒီစီမံကိန်းဟာ အကျဉ်းသားတွေအတွက်လည်း အကျိုးရှိသလို မြို့ရဲ့ဥယျာဉ်ခြံမြေတွေကိုပါ ထိန်းသိမ်းရာရောက်တယ်လို့ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့ပါတယ်။