ဇူလိုင် ၁၁ ။ ။ စံချိန်တင် မိုးရွာသွန်းပြီး အဆိုးရွားဆုံး ရေလွှမ်းမိုးမှုဘေးသင့်ခဲ့သည့် ဒေသများသို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကိုယ်တိုင်သွားရောက်ပြီး ရေဘေးသင့် ပြည်သူများနှင့် တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။
အဆိုးရွားဆုံးသော ရေကြီးမှုကြောင့် ယခုအချိန်ထိ သေဆုံးသူဦးရေ ၁၇၉ ဦးထိ မြင့်တက်ခဲ့ပြီ ဖြစ်ကာ ထောင်ပေါင်းများစွာသော ပြည်သူများသည်လည်း ယာယီခိုလှုံရေးစခန်းများတွင် လက်တလော နေထိုင်နေကြလျက်ရှိသည်။
နိုင်ငံတွင် ဖြစ်ပေါ်လာသော ပြင်းထန်ဆိုးရွားသည့် သဘာဝဘေးကြောင့် မူလစီစဉ်ထားသည့် နိုင်ငံခြားခရီးစဉ်ကိုပင် ဖျက်သိမ်းထားခဲ့ရသော ဝန်ကြီးချုပ် အာဘေးမှာ ဇူလိုင် ၁၁ ရက်တွင် ရေဘေးသင့် ဒေသတစ်ခုဖြစ်သော Okayama ဧရိယာသို့ သွားရောက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကို ကြည့်ရှုခဲ့သည်။
ရေလွှမ်းမိုးမှုများအတွင်း လူပေါင်း ဒါဇင်နဲ့ချီ ပျောက်ဆုံးနေဆဲ ဖြစ်ပြီး ဆယ်စုနှစ် သုံးစုကျော်ကြာ နိုင်ငံ၏ အဆိုးရွားဆုံးသော သဘာဝဘေးတစ်ခုဖြစ်လာသည့် ယခု ဖြစ်စဉ်တွင် သေဆုံးသူစာရင်း ထပ်တိုးလာဖွယ် ရှိနေသည်။