ဖိလစ်ပိုင်နိုင်ငံတွင် သတင်းမီဒီယာသမား သုံးဦး ပစ်သတ်ခံရပြီးနောက်တွင် သတင်းမီဒီယာသမားများအား တိုက်ခိုက်ခံနေရခြင်းအတွက် စိတ်ဆိုးဒေါသထွက်မှုများ ဖြစ်ပွားစေသည်။
လူဦးရေ သန်း ၁၀၀ ရှိသည့် ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာတွင် သတင်းမီဒီယာသမားများအတွက် အန္တရာယ်အလွန်များသည့် နိုင်ငံတစ်နိုင်ငံအဖြစ်ပါဝင်သည်။
"ဒီလိုသတင်းသမားတွေ သတ်ဖြတ်ခံနေရတဲ့ ဆိုးဝါးတဲ့ အမှုကိစ္စတွေကို ဦးစားပေးဖြေရှင်းပေးရေးအတွက် သမ္မတအကွီနိုကို ကျွန်တော်တို့ တိုက်တွန်းထားပါတယ်။"ဟု ဂျာနယ်လစ်များ ကာကွယ်ရေးကော်မတီ အရှေ့တောင်အာရှ ကိုယ်စားလှယ် ဆွန်းခရစ်စပန်းက ပြောသည်။
သြဂုတ် ၂၇ ရက်က အိုဇာမစ်ဆိပ်ကမ်းမြို့ ဈေးတစ်ဈေးရှေ့တွင် အသက် ၄၆ နှစ်ရှိ ရေဒီယိုသတင်းထောက် တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်။
သြဂုတ် ၁၉ ရက်ကလည်း ကျေးလက်ပိုင်း ဆော်ဆိုဂွန်ပြည်နယ်တွင် အသက် ၅၇ ရှိ ရေဒီယိုသတင်းထောက်တစ်ဦး နေအိမ်တွင်း သေနတ်ဖြင့် ဝင်ပစ်ခံရပြီး သေဆုံးခြင်းဖြစ်ပြီး တာ့ဂ်ဂမ်းမြို့တွင် အသက် ၆၇ နှစ်ရှိ သတင်းစာသတင်းထောက်တစ်ဦးကို နေအိမ်ရှေ့တွင် ပစ်သတ်သွားခြင်းဖြစ်သည်။
Ref: Bangkok Post