ပွဲစဉ် - အီရန် vs စပိန် (အုပ်စု B)ပွဲချိန် - ဇွန် ၂၁၊ နံနက် ၀၀း၃၀ နာရီ (မြန်မာစံတော်ချိန်)နေရာ - Kazan Arena, Kazan, Tatarstan, Russia
အီရန် နောက်ဆုံးသုံးပွဲ
၁၅-၆-၁၈ မော်ရိုကို ၀-၁ အီရန် (ကမ္ဘာ့ဖလား)
၈-၆-၁၈ အီရန် ၁-၀ လစ်သူယေးနီးယား (ခြေစမ်းပွဲ)
၂၉-၅-၁၈ တူရကီ ၂-၁ အီရန် (ခြေစမ်းပွဲ)
စပိန် နောက်ဆုံးသုံးပွဲ
၁၆-၆-၁၈ ပေါ်တူဂီ ၃-၃ စပိန် (ကမ္ဘာ့ဖလား)
၁၀-၆-၁၈ တူနီးရှား ၀-၁ စပိန် (ခြေစမ်းပွဲ)
၄-၆-၁၈ စပိန် ၁-၁ ဆွစ်ဇာလန် (ခြေစမ်းပွဲ)
နောက်ဆုံးတွေ့ဆုံမှု
မရှိ။
အီရန် အချက်အလက်
- စပိန်နဲ့ ပထမဆုံးအကြိမ်အဖြစ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။
- ဥရောပပြိုင်ဘက်တွေနဲ့ ကမ္ဘာ့ဖလား ၆ ပွဲကစားခဲ့ရာမှာ နိုင်ပွဲမရှိခဲ့ဘဲ ၅ ပွဲရှုံး ၁ ပွဲ သရေကျခဲ့ပါတယ်။
- အီရန်အသင်း နောက်ဆုံးရရှိခဲ့တဲ့ ကမ္ဘာ့ဖလား ဂိုး ၃ ဂိုးဟာ ပွဲပြီးခါနီး ၁၅ မိနစ်အလို အချိန်အပိုင်းအခြားထဲမှာ ရရှိတာပါ။ သူတို့အနေနဲ့ ပွဲချိန် ၃၆ မိနစ်အတွင်းမှာ ဘယ်တုန်းကမှ ဂိုးမသွင်းဖူးပါဘူး။
- ဒီပွဲမှာနိုင်ခဲ့ရင်တော့ ၂၀၀၂ တောင်ကိုရီးယားနောက်ပိုင်း ကမ္ဘာ့ဖလားနှစ်ပွဲဆက်အနိုင်ရတဲ့ အာရှအသင်းဖြစ်လာမှာပါ။
စပိန် အချက်အလက်
- စပိန်ဟာ ကမ္ဘာ့ဖလားမှာ အာရှအသင်းတွေကို ပွဲချိန်အတွင်း ရှုံးပွဲမရှိခဲ့ဘဲ ၂ပွဲနိုင်၊ ၂ပွဲ သရေကျထားပါတယ်။ ၂၀၀၂ တုန်းကတော့ တောင်ကိုရီးယားကို ပင်နယ်တီမှာ ရှုံးခဲ့ပါတယ်။
- စပိန်အသင်းဟာ အဖွင့်ပွဲမှာ အနိုင်မရတဲ့ ကမ္ဘာ့ဖလား ၃ ကြိမ်မှာ ၂ ကြိမ်က အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။ (၁၉၉၈ နဲ့ ၂၀၁၄ တုန်းကပါ)။ ဒါပေမဲ့ အဖွင့်ပွဲမှာ ဆွစ်ဇာလန်ကို ရှုံးတဲ့ ၂၀၁၀ တုန်းကတော့ ချန်ပီယံဖြစ်ခဲ့ပါတယ်။
- စပိန်အသင်းရဲ့ခံစစ်ကတော့ ကမ္ဘာ့ဖလားနောက်ဆုံး ၄ ပွဲမှာ ၁၀ ဂိုးထိ ပေးထားရပါတယ်။ ဒီယေဂိုကော်စတာဟာ စပိန်အတွက် နိုင်ငံတကာပွဲ ၈ ပွဲမှာ ၈ ဂိုးထိ သွင်းပေးထားပါတယ်။
ဖွင့်လှစ်မှု
စပိန်အသင်း နှစ်ဂိုးနဲ့နိုင်ရင် ၄၀ ပျော်ရမှာဖြစ်ပြီး သွင်းဂိုးပေါင်း သုံးဂိုးဆို ရ၀ ပျော်ရမယ်။
အကြိုက်
Asianbookie စပိန်Whoscore အီရန် ၀-၂ စပိန်Master M စပိန် (ကြယ် လေးပွင့်)Hyper Sports စပိန်