လန်ဒန်၊ ဇွန် ၁၆ ။ ။ ကမ္ဘာ့ထိပ်တန်း အနုပညာကျောင်းများတွင် ပါ၀င်သော စကော့တလန်မြို့ စလက်စ်ဂိုးရှိ အနုပညာကျောင်းတွင် ဇွန် ၁၆ ရက် အစောပိုင်းက မီးလောင်မှု ဖြစ်ပွားသည်။
လွန်ခဲ့သော လေးနှစ်က မီးလောင်ဖူးထားသော အဆိုပါ အနုပညာကျောင်း၏ သမိုင်းဝင်အဆောက်အအုံကို အထူးပြုပြင်မှုများ ပြုလုပ်နေဆဲဖြစ်ချိန်တွင် ထပ်၍ လောင်သော မီးဖြစ်သည်။
စတော့တလန်အတွက် အမြတ်တနိုးထားသော အရာများမှ တစ်ခုအပါအဝင် ဖြစ်သော ယင်းသမိုင်းဝင် အဆောက်အအုံမှ မီးခိုးများနှင့် မီးတောက်များ ထိုးထွက်နေပြီး မီးသတ်သမားလည်း အပြေးအလွှား ရောက်ရှိနေကြသည်။
သေဆုံးဒဏ်ရာရသူ မရှိသေးကြောင်း မီးသတ်ဌာနက ပြောသည်။
စကော့တလန်၏ ပထမဝန်ကြီး အမျိုးသမီးဖြစ်သူ နီကိုလာစတောဂွန်က ဂလက်စ်ဂိုးရဲ့ မြတ်နိုးဖွယ် အနုပညာကျောင်း ခုလို ဖြစ်ရပ်ကြောင်း ရင်ကျိုးရတယ်ဟု ပြောဆိုသည်။
မြို့လယ်မှပင် မီးတောက်အား တွေ့မြင်နိုင်လောက်အောင် ကြီးထွားခြင်းနှင့်အတူ ဌာနေဒေသခံများကို ၎င်းတို့၏ နေအိမ်များမှ ပြောင်းရွှေ့ပေးထားကြောင်း မျက်မြင်များက ပြောသည်။
ယခု လောင်ကျွမ်းမှုသည် ယင်းသမိုင်းဝင် အဆောက်အအုံ ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့ရသည့် ၂၀၁၄ မေလအတွင်းက လောင်ကျွမ်းသည်ထက် ပိုမိုဆိုးဝါးကြောင်း မျက်မြင်များက ပြောကြသည်။