ဘန်ကောက်၊ မေ ၂၃ ။ ။ ပါကင်ဆန်ရောဂါကို ဖြစ်စေနိုင်သော အဆိပ်ဖြစ်ပေါင်းသတ်ဆေးကို နို်င်ငံပေါင်း ၃၀ ကျော်က တားမြစ်ထားသော်လည်း ထိုင်းနို်င်ငံအနေဖြင့် တရားဝင်သုံးစွဲခွင့် ပြုတော့မည်ဖြစ်သည်။
ထိုင်းအာဏာပိုင်များက ပေါင်းသတ်ဆေးအား တင်းကြပ်သည့် စည်းမျဉ်းများဖြင့် သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း မေ ၂၃ ရက်တွင် ကြေညာသည်။
ပေါင်းသတ်ဆေး တစ်ငုံစာ စုပ်မိရုံဖြင့် လူတို့အတွက် အန္တရာယ်အလွန်ကြီးသော ပါရာကွတ်ခေါ် ပေါင်းသတ်ဆေးသည့် ပြင်းထန်သည် အဆိပ်ပဲဖြစ်နေပြီး ၂၀၀၇ ခုနှစ်ကစတင်ကာ ဥရောပသမဂ္ဂနို်င်ငံများတွင် တားမြစ်ထားခြင်း ဖြစ်သည်။
ကျန်းမာရေးနှင့် ဘေးအန္တရာယ်အစီရင်ခံစာများအရ ပါရာကွတ်နှင့် အခြားအငြင်းပွားဖွယ် ဓာတုဆေးနှစ်မျိုးတို့သည် လုံးဝတားမြစ်ရန်အထိ ဆိုးကျိုးမရှိကြောင်း ထိုင်းအာဏာပိုင်များက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံအနေဖြင့် လူဦးရေ၏ ၄၀ ရာခိုင်နှုန်းမှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ ဖြစ်ကြသည်။
“ပါရာကွတ်ရယ်၊ ချလော်ပိုင်ရီဖို့စ်နဲ့ ဂလိုင်ဖိုဆတ် ပေါင်းသတ်ဆေးတွေကို စည်းမျဉ်းတင်းကြပ်ပြီး အသုံးပြုခွင့်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။”ဟု စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူ ဆွမ်ဘွန်းက သတင်းထောက်များအား ပြောသည်။
ပိုးသတ်ဆေးဖြစ်သော ချလော်ပို်င်ရီဖို့စ်သည် ကလေးများတွင် ဉာဏ်ရည်နိမ့်ပါးမှုကို ဖြစ်စေပြီး ပေါင်းသတ်ဆေး ဂလိုင်ဖိုဆတ်မှာ ကင်ဆာဖြစ်စေနိုင်ကြောင်း သိပ္ပံသုတေသနများက ဖော်ပြထားသည်။