ရီးယဲလ်ကြယ်ပွင့်ကစားသမား စီရော်နယ်လ်ဒိုက ဂျူဗီတပ်စ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ သူဟာ ဒီပွဲအတွက် အဆုံးအဖြတ်ဖြစ်လာလိမ့်မယ်လို့ သိထားတယ်လို့ ပြောဆိုခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ ဒီရာသီရဲ့ ၄၁ ဂိုးမြောက်အဖြစ် အဆုံးအဖြတ်ဂိုးကို သွင်းယူခဲ့ပြီး အသင်းအတွက် ၁၁ ပွဲဆက် ဂိုးသွင်းခဲ့ပါတယ်။
ဒိုင်လူကြီးရဲ့ ပင်နယ်တီပေးမှုနဲ့ ပတ်သက်လို့ “သူတို့ဘာကို ကန့်ကွက်နေလဲဆိုကိုတော့ ကျနော် နားမလည်ဘူး။”လို့ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်လ်ဒိုက ပြောပါတယ်။
“လူကပ်စ်ဟာ နောက်ကနေ ပတ်ကန်ခံရပါတယ်။ သူ့တို့ သူ့ကို ပြစ်ဒဏ်ပင်နယ်တီမပေးရင်လဲ ဒါဟာ ဂိုးတစ်ဂိုးဖြစ်ပါတယ်။”လို့ သူက ပြောပါတယ်။
“စိတ်လှုပ်ရှားမှု မြင့်တက်ခဲ့ပေမယ့် ကျနော် စိတ်တည်ငြိမ်အောင် လုပ်ခဲ့ပါတယ်။ ကျနော်ဟာ အဆုံးအဖြတ်ပေးမယ့်သူလို့ သိထားလို့ပဲဖြစ်ပါတယ်။”လို့ ရော်နယ်လ်ဒိုက ပြောပါတယ်။
လက်ရှိချန်ပီယံ ရီးယဲလ်အသင်းဟာ လီဗာပူးလ်၊ ရိုးမားနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေနဲ့အတူ ဆီမီးဖိုင်နယ်အဆင့်ကို ၈ ရာသီဆက်တိုက် တက်ရောက်နိုင်ခဲ့ပါတယ်။
ဆီမီးဖိုင်နယ်မဲခွဲမှုကိုတော့ နိုင်ယွန်မြို့မှာ သောကြနေ့မှာ ပြုလုပ်တော့မှာဖြစ်ပါတယ်။
Ref; BBC