အစ္စတန်ဘူလ်၊ ဧပြီ ၉ ။ ။ ပြီးခဲ့သည့်သီတင်းပတ်များအတွက် တူရကီနိုင်ငံအတွင်း တရားမဝင် ၀င်ရောက်လာကြသော ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းသူများကို အထူးဆောင်ရွက်ချက်ဖြင့် အာဖဂန်နစ္စတန် ရွှေ့ပြောင်းဝင်ရောက်သူ ရာပေါင်းများစွာအား အထူးလေယာဉ်ဖြင့် ဧပြီ ၈ ရက်တွင် ပြန်လည်ပို့ဆောင်သည်။
ဧပြီ ၈ ရက် အစောပိုင်းတွင် အာဖဂန် ၂၂၇ ဦးအား အရှေ့မြောက်ပိုင်း အာဇာရမ်းအရပ်မှ ကဘူးလ်သို့ လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ကြောင်း Dogan သတင်းဌာနက ဖော်ပြသည်။
ယခုသီတင်းပတ်အတွင်း လေယာဉ်နှစ်စီးဖြင့် အာဖဂန်ရွှေ့ပြောင်းသူ ၆၉၁ ဦးကို ပြန်လည်ပို့မည်ဖြစ်ကြောင်းလည်း ယင်းသတင်းက ဆိုသည်။ အဆိုပါ လေယာဉ်ကို အာဖဂန်လေကြောင်းလိုင်းတစ်လိုင်းက ပြေးဆွဲပေးခြင်း ဖြစ်သည်။
အာဇာရမ်းက လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူများကို ကိုးကားကာ တူရကီအနေဖြင့် လက်ရှိိ အာဇာရမ်းတွင် ရှိနေသည့် အာဖဂန်ရွှေ့ပြောင်းဝင်ရောက်သူ ၃၀၀၀ စလုံးအား နေရပ်ပြန်ပို့သွားရန် စီစဉ်နေကြောင်း ယင်းသတင်းက ဖော်ပြသည်။
ကဘူးလ်က တာဝန်ရှိသူများကမူ အာဖဂန်များကို နေရပ်ပြန်နှင်ခြင်းကို ငြင်းဆန်ပြီး ၎င်းတို့၏ ဆန္ဒဖြင့်သာ ပြန်လာကြခြင်းဖြစ်ကြောင်း ဆိုသည်။
“သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ အာဖဂန်ဒုက္ခသည်တွေက နိုင်ငံရင်းဆီ ပြန်လာကြတာဖြစ်ပါတယ်။”ဟု အာဖဂန်နစ္စတန် ဒုက္ခသည်ရေးရာနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြောခွင့််ရသူ ဂျူရတ်က ပြောခဲ့သည်။