မြန်မာနေရှင်နယ်လိဂ်ထိပ်သီးကလပ် ရန်ကုန်ယူနိုက်တက်အသင်းဟာ AFC Cup ပြိုင်ပွဲမှာ အိမ်ကွင်း၊ အဝေးကွင်းမရွေးဘဲ ခြေစွမ်းပြနေပါတယ်။
မတ်လ ၇ ရက်က သုဝဏ္ဏကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ ဖိလစ်ပိုင်ကလပ် ဂလိုဘယ်အသင်းကို သုံးဂိုး၊ ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်းဟာ အုပ်စု G မှာ သုံးပွဲကစား၊ သုံးပွဲစလုံးအနိုင်ရထားပြီး အုပ်စုကိုဦးဆောင်နေပါတယ်။
မတ်လ ၁၃ ရက်နေ့မှာ အဝေးကွင်းပွဲစဉ်အဖြစ် ဖိလစ်ပိုင်ကလပ် ဂလိုဘယ်အသင်းနဲ့ထပ်မံကစားရမှာဖြစ်ပြီး အနိုင်ရခဲ့ရင်တော့ နောက်တစ်ဆင့်တက်ဖို့ သေချာသလောက်ဖြစ်သွားမှာပါ။
ဂလိုဘယ်ကိုဂိုးပြတ်အနိုင်ရခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ခြေစွမ်းဘယ်လိုရှိသလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။