ဖေဖော်ဝါရီ ၂၂ ။ ။ မွန်တီနီဂရိုးနိုင်ငံမှာ ရှိတဲ့ အမေရိကန်သံရုံး ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ပေါက်တိုက်ခိုက်ခံလိုက်ရတယ်ဆိုပြီး အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားပါတယ်။
ယင်းဖြစ်စဉ်မှာတော့ အမည်မသိ လူတစ်ဦးက သံရုံးဝင်းအတွင်းကို လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းပြီးနောက် ၎င်းကိုယ်ကိုယ် ဗုံးခွဲ သတ်သေသွားခဲ့တယ်လို့လည်း သိရပါတယ်။
မွန်တီနီဂရိုးအစိုးရရဲ့ ထုတ်ပြန်ချက်အရ အဆိုပါ အမည်မသိ ပုဂ္ဂိုလ်ဟာ ယင်းဖြစ်စဉ်မှာ အနီးအနား လမ်းဆုံတစ်ခုကနေပြီးတော့ သံရုံးဝင်းအတွင်းကို လက်ပစ်ဗုံးနဲ့ ပစ်သွင်းခဲ့တာ ဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။
အဆိုပါ သံရုံးတိုက်ခိုက်ခံရမှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကလည်း အတည်ပြုသွားခဲ့ပြီး သံရုံးမှာတော့ ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုမရှိခဲ့သလို သံရုံးတာဝန်ရှိသူတွေကလည်း ရဲတပ်ဖွဲ့နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေလျက်ရှိကြောင်း သိရပါတယ်။
ယခုအချိန်ထိတော့ ယင်းဖြစ်စဉ်မှာ ကျူးလွန်သူ တစ်ဦးသာ သေဆုံးသွားခဲ့ပြီး ၎င်းကိုတော့ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားဖော်ထုတ်နိုင်ဖို့ ဆောင်ရွက်နေလျက်ရှိကြောင်း သိရပါတယ်။