ရီးယဲလ်အသင်း နောက်ခံလူ မာဆယ်လိုနှင့် ကွင်းလယ်လူ လူကာမိုဒရစ်တို့ နှစ်ဦးလုံးဟာ ညာခြေကြွက်သား ဒဏ်ရပြဿနာ ရှိနေတယ်လို့ အသင်းက အတည်ပြုထုတ်ပြန်ထားပါတယ်။
မာဆယ်လိုနှင့် မိုဒရစ်တို့ဟာ လာမယ့်ပွဲစဉ်တွေဖြစ်တဲ့ ဗုဒဟူးနေ့မှာ ကစားမယ့် လီဟာနက်စ်နဲ့ လာလီဂါပွစဉ်၊ မတ်လ ၆ ရက်နေ့မှာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့တို့ကို လွှဲချော်ဖွယ်ရှိနေပါတယ်။
ရီးယဲလ်အသင်းက ကစားသမားနှစ်ဦးလုံးရဲ့ ပြန်လည်သက်သာမယ့်အချိန်ကို ဆက်လက် စောင့်ကြည့်ရလိမ့်မယ်လို့ ဆိုပါတယ်။
မာဆယ်လိုဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ရီးယဲလ်က ဘက်တစ်ကို ၅-၃ ဂိုးနဲ့ အနိုင်ရတဲ့ပွဲအတွင်းမှာ ဒဏ်ရာရှိခဲ့ပြီး မိုဒရစ်ကတော့ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို နောက်ဆုံးနှစ်ရက် ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိလာလီဂါချန်ပီယံ ရီးယဲလ်အသင်းဟာ ရှုံးပွဲမရှိ အမှတ်ပေးဇယားမှာ ဦးဆောင်သူ ဘာစီလိုနာရဲ့အောက် ၁၇ မှတ်အကွာ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
(EFE-EPA)