ရီးယဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား တိုနီကရူးစ်ဟာ ဘယ်ဘက် ဒူးဒဏ်ရာပြဿနာရှိတာကြောင့် လာမယ့် လာလီဂါပွဲစဉ်ကို လွှဲချော်မှာဖြစ်တယ်လို့ ကလပ်အသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကရူးစ်ဟာ ရီးယဲလ်အသင်းက ပီအက်စ်ဂျီအသင်းကို ၃-၁ ဂိုးနဲ့ နိုင်တဲ့ ချန်ပီယံလိဂ် ပထမအကျော့ပွဲစဉ်မှာ မိနစ် ၉၀ ပြည့်ကစားခဲ့ပါတယ်။ ဒါပေမယ့် သောကြာနေ့က အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို လွှဲချော်ခဲ့ပါတယ်။
ကရူးစ်ရဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာမယ့်အချိန်ကိုတော့ ဆက်လက် စောင့်ကြည့်ရအုံးမယ်လို့ ရီးယဲလ်ဆေးအဖွဲ့က ဆိုပါတယ်။
ဒါ့ကြောင့် ရီးယဲလ်အသင်းဟာ တနင်္ဂနွေနေ့ လာလီဂါပွဲစဉ်အဖြစ် ရီးယဲလ်ဘက်တစ်နဲ့ပွဲမှာ ကရူးစ်နေရာကို ခရိုအေးရှားကွင်းလယ်လူ ကိုဗာဆစ်နဲ့ အစားထိုးဖို့ ရှိနေပါတယ်။
Ref; EFE-EPA