အမေရိကန်နာမည်ကြီးပေါ့ပ်အဆိုတော် လေဒီဂါဂါသည် ခန္ဓာကိုယ်အနှံ့ပြား နာကျင်ကိုက်ခဲမှုကြောင့် ကျန်ရှိနေ သောသူမ၏ ဥရောပနယ်လှည့်ဖျော်ဖြေပွဲများကို ဖျက်သိမ်းခဲ့ရသည်။
တွစ်တာပေါ်သို့ တင်ခဲ့သော ထုတ်ပြန်ချက်ထဲတွင် လေဒီဂါဂါသည် သူမ၏ ပရိတ်သတ်များအား တောင်းပန်ထား ပြီး သူမအနေဖြင့် ယခုလိုဖျက်သိမ်းရခြင်းအပေါ် စိတ်မကောင်းဖြစ်ရသော်လည်း အနားယူဖို့လိုအပ်နေပြီဟု ဖော်ပြထားသည်။
ဂရမ်မီဆုများပိုင်ရှင်လေဒီဂါဂါသည် ခန္ဓာကိုယ်အနှံ့ပြား နာကျင်ကိုက်ခဲမှုဝေဒနာကို အချိန်ကြာမြင့်စွာခံစားနေခဲ့ ရသူဖြစ်သည်။ ထို့ကြောင့်သူမသည် လန်ဒန်နှင့် မန်ချက်စတာမြို့တို့အပါအဝင် အခြားမြို့များ၌ကျင်းပရန်စီစဉ် ထားသော ဖျော်ဖြေပွဲ ၁၀ ပွဲကို ဖျက်သိမ်းခဲ့ရသည်။
“ကျမ တကယ့်ကိုစိတ်မချမ်းမသာဖြစ်ရပါတယ်။ ဘယ်လိုပြောရမလဲတောင်မသိတော့ပါဘူး။ တကယ်လို့ကျမ အနားမယူဘူးဆိုရင်လည်း ကျမလုပ်ချင်တဲ့ ဂီတအနုပညာကို ဆက်လုပ်နိုင်မှာမဟုတ်တော့ပါဘူး” ဟု အသက် ၃၁ နှစ်အရွယ်ရှိ လေဒီဂါဂါက သူမ၏တွစ်တာ၌ ရေးသားခဲ့သည်။
ဖျက်သိမ်းခဲ့သည့် ဖျော်ဖြေပွဲ ၁၀ ပွဲအတွက် လက်မှတ်ဝယ်ယူထားသူများကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့တွင် ငွေပြန်အမ်းသွားမည်ဟု သိရသည်။
Ref: BBC