ဖေဖော်ဝါရီ ၃၊ လီဗာပူးလ်။ ။ အဆင့် ၄ အတွင်းဝင်ခြင်းက လက်ရှိရာသီ၏အောင်မြင်မှုဖြစ်လာဖွယ်ရှိနေသည်ဟု လီဗာပူးလ်အသင်းနည်းပြကလော့ပ်က ပြောသည်။
ဂျာမနီတစ်နိုင်ငံတည်းသားချင်းဖြစ်သူ ဟာမန်းကပင် ကလော့ပ်အနေဖြင့် ထုတ်ပယ်ခံရမှုကိုရှောင်နိုင်ရန် ဆုဖလားတစ်ခုခု လိုအပ်ကြောင်းအကြံပြုလာချိန်တွင် ကလော့ပ်ကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
တနင်္ဂနွေနေ့တွင် အိမ်ကွင်း၌စပါးအသင်းကိုသာအနိုင်ရလိုက်ပါက လက်ရှိရာသီရည်မှန်းချက်ပြည့်ဝရန် ခြေတစ်လှမ်းထပ်တိုး လိုက်နိုင်မည်ဖြစ်ပြီး ကလော့ပ်က “ထိပ်သီးလေးသင်းဝင်တာက အောင်မြင်မှုဆိုတာ သေချာပါတယ်။
ရာသီအစမှာ ရည်မှန်းချက်တွေရှိနိုင်ပြီး လက်တွေ့ကျတဲ့ပစ်မှတ်တွေလည်း ထားလို့ရပါတယ်။ ချန်ပီယံဖြစ်ဖို့ကို ရည်မှန်းကြတာပါ ပဲ။ ဒါပေမဲ့ စီးတီးရဲ့ဒီရာသီကစားပုံကြောင့် တော်တော်လေးခက်လာတယ်။
ဒီတော့ အဆင့် ၁ မဖြစ်နိုင်ရင် အဆင့် ၂ ပေါ့။ ဒါပေမဲ့ရာသီကုန်မှာ ၂၊၃၊၄ တခုခုရလည်း မဆိုးပါဘူး။ ရဖို့ခက်တဲ့အဆင့်တွေမို့လို့ ပါ။ အာဆင်နယ်ကလည်း လမ်းကြောင်းပေါ်မှာရှိနေတုန်းပဲ။ စပါးကလည်းကျွန်တော်တို့ရဲ့အောက်မှာဆိုပေမယ့် အမှတ်တွေက သိပ်မကွာကြဘူး။ ဒါကြောင့် အဆင့် ၄ အတွင်းဝင်ဖို့ ခက်တာပါ”ဟု ပြောသည်။
ယင်းမှာ အန်ဖီးလ်ပရိသတ်များအတွက်သာမက ကစားသမားဟောင်းများဖြစ်သည့် ဟာမန်း၊ ဆောင်းနက်စ်၊ တိုရှက်ခ်၊ ဂါစီယာ တို့အတွက်ပါ လက်ခံနိုင်စရာမရှိဘဲ လီဗာပူးလ်နည်းပြသက်တမ်း ၃ နှစ်အတွင်းရောက်နေသည့် နည်းပြတစ်ဦးအနေဖြင့် အနည်းဆုံး ဆုဖလားတစ်ခုခုရယူပေးသင့်သည်ဟု ယူဆနေကြသည်။
Ref; Mirror