ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် အမည်ဖြင့် ဖေ့စ်ဘုတ် စာမျက်နှာ အကောင့်အတု ပေါ်ထွက်နေပြီး ယင်းစာမျက်နှာ ပြုလုပ်သူအား ဆက်လက်အရေးယူဆောင်ရွက် သွားနိုင်ရန် ပြုလုပ်သွားမည်ဟု NLD ပါတီ ဗဟိုပြန်ကြားရေး ကော်မတီအဖွဲ့ဝင် ဦးကြည်တိုးက ဆိုသည်။
"ဦးဝင်းထိန် ပြောဆိုခြင်းမရှိသောစကားများ မှတ်ချက်များကို အတုအယောင်ဖန်တီးပြုလုပ်သူများကို လိုအပ်သလို ဆက်လက်အရေးယူဆောင်ရွက်သွားမယ် " ဟု ၎င်းက ဆိုသည်။
Win Htein အမည်ဖြင့် ပြုလုပ်ထားသည့် ဖေ့စ်ဘုတ်စာမျက်နှာ အကောင့်ဖြစ်သေသာ (https://www.facebook.com/winhtein.nld/) တွင် အစိုးရအဖွဲ့အား ကြံ့ခိုင်ရေးမှ လွှမ်းမိုးထားကြောင်း ၊ အစိုးရအဖွ့ဲ အပြောင်းအလဲများ စသည်ဖြင့် ရေးသားထားသည်။
ဦးဝင်းထိန်၏ သားဖြစ်သူ မင်္ဂလာဆောင်ကို နေပြည်တော်တွင် ကျင်းပပြုလုပ်ပြီးနောက် လက်ရှိအချိန်တွင် NLD ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်သည် သြစတေးလျနိုင်ငံသို့ သွားရောက်နေထိုင်လျက် ရှိနေသည်ဟု ကြားသိရသည်။