ဘရာဇီးကွင်းလယ်ကစားသမား ဖာနန်ဒီဟိုဟာ မန်စီးတီးအသင်းနှင့် နှစ်နှစ် စာချုပ်သက်တမ်းတိုး ချုပ်ဆိုခဲ့တယ်လို့ အင်္ဂလန်ကလပ်အသင်းက သောကြာနေ့က ကြေညာခဲ့ပါတယ်။
အာဂျင်တီးနားနောက်ခံလူ အော့မန်ဒီဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ထိ သက်တမ်းတိုးခဲ့ပြီးနောက် နှစ်ရက်အကြာမှာ အသက် ၃၂ နှစ်အရွယ်ကစားသမားက အခုလို စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
“ဒီကလပ်ရဲ့ အနာဂတ်က ဒီထက်ပိုကောင်းလာဖို့ရှိပြီး ဒီအသင်းမှာ ဖြစ်နိုင်သလောက် အကြာကြီး ကစားချင်ပါတယ်။”လို့ ဖာနန်ဒင်ဟိုက ပြောပါတယ်။
ဒီရာသီအစောပိုင်းက ဂွာဒီယိုလာမှ ကမ္ဘာ့အကောင်းဆုံး ခံစစ်ကွင်းလယ်လူထဲက တစ်ဦးဖြစ်တယ်လို့ ညွှန်းဆိုခဲ့တဲ့ ဖာနန်ဒင်ဟိုဟာ ၂၀၁၃ ခုနှစ် ဇွန်လက ရှက်တာဒိုးနက်အသင်းမှ မန်စီးတီးအသင်းဆီ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။
အသက် ၃၀ နှစ်အရွယ် ဖာနနဒင်ဟိုဟာ မန်စီးတီးအသင်းအတွက် ၂၁၂ ပွဲကစား၊ ၁၀ ဂိုး သွင်းယူခဲ့သူဖြစ်ပြီး ၂၀၁၄ မှာ ပရီးမီးယားလိဂ်ဖလားနှင့် ၂၀၁၆ မှာ လိဂ်ဖလားတို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။
Ref; EFE-EPA