ရခိုင်တွင် ကုန်တင်သင်္ဘောတစ်းစီးက စက်လှေနှစ်စီးကို ၀င်တိုက်၊ ၅ ဦးသေ ၁ ဦး ဒဏ်ရာရ

ရခိုင်တွင် ကုန်တင်သင်္ဘောတစ်းစီးက စက်လှေနှစ်စီးကို ၀င်တိုက်၊ ၅ ဦးသေ ၁ ဦး ဒဏ်ရာရ
သင်္ဘောတိုက်မိ၍ ဒဏ်ရာရထားသူအား စစ်တွေဆေးရုံတွင် တွေ့ရစဉ် (ဓာတ်ပုံ RiA)

 

ပေါက်တော၊ ဇန်နဝါရီ ၁၅ ရက်။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကြွီပြင်ကျေးရွာအောက်ဘက်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းနေသော စက်လှေ ၂ စီးကို ကုန်တင်သင်္ဘော တစ်စီးက ဝင်တိုက်ခဲ့ပြီး ငါးဖမ်းသမား ၅ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း သိရသည်။

ယနေ့ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက ပင်လယ်ပြင်တွင် ပူးတွဲကာငါးဖမ်းနေသော စက်တတ်လှေတစ်စီးနှင့် ကပ် လှေတစ်စီးတို့ ငါးဖမ်းနေစဉ် အမည်မသိ ကုန်တင်သင်္ဘောကြီး တစ်စီးက လာရောက်တိုက်မိ(နင်းမိ)သောကြောင့် စက်လှေ ၁ စီး နစ်မြှပ်သွားခြင်းဖြစ်သည်။

အဆိုပါ စက်တပ်လှေပေါ်တွင် ငါးဖမ်းသမား ၁၄ ဦးနှင့် ကပ်လှေပေါ်တွင် ငါးဖမ်းသမား ၁၀ ဦး စုစုပေါင်း ၂၄ ဦးလိုက်ပါ လာရာ ၁၉ ဦးအသက်ရှင်ခဲ့သည်။ ကျန်သေဆုံးသူ ၅ ဦးထဲမှ ၂ ဦး၏အလောင်းကို ရရှိထားပြီး ကျန် ၃ ဦးကိုမူ ရှာမရ သေးပေ။

“ဘုတ်ပေါ်မှာ ၁၄ ယောက်။ လှေပေါ်မှာ ၁၀ယောက်။ ၂၄ ယောက်ပါသွားတာ။ အဲဒီအထဲမှာ ၃ ယောက်ပျောက်ကျန်ခဲ့တယ်။ တစ်ယောက်ကို သေဆုံးလို့တွေ့ပြီ။ ဒီမှာဦးလေးတစ်ယောက်ပေါ့လေ   ဆေးရုံတင်ရတာ။ ကုန်သင်္ဘောက ပဲ့စင် ကိုလာနင်းတာ။ ညည့်အချိန်ဆိုတော့ နှင်းတွေလည်း ကျနေတော့မမြင်ရဘူး။ နောက်ထပ်မရသေးတဲ့ သူတွေက အသက်ရှင်ရမယ်ဆိုတာ မသေရှာတော့ဘူး။”ဟု ဆေးရုံတင်ထားရသူ၏ တူဖြစ်သူ ကိုဝင်းမိုးကျော်က RiA သို့ပြောသည်။

ဆေးရုံတင်ထားရသူမှာ စက်လှေပိုင်ရှင် ဦးလှချေသန်း အသက် ၃၆ နှစ်ဖြစ်ပြီး ပေါင်တစ်ဖက်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း သေဆုံးသူများမှာ ဦးခင်မောင်ဦး၊ မောင်နေလင်းထွန်း၊ မောင်တင်ဦးချေနှင့် အခြားတစ်ဦးပါဝင် ကြောင်း ၎င်း၏ပြောကြားချက်အရသိရသည်။

ထိုသင်္ဘော၏ အမည်ကိုလည်း ညည့်အချိန်တွင် နှင်းကျနေသော အချိန်ဖြစ်၍ မသိလိုက်ရကြောင်း ဆိုသည်။

 အလောင်းများကို ရွာသားများကဆက်လက် ရှာဖွေနေကြကြောင်းနှင့် ၎င်းတို့မှာ ပေါက်တောမြို့နယ် ပြိုင်း တောင်ကျေးရွာမှ သဲခုံကျေးရွာသို့ လာရောက်ကာ ရာသီပေါ် ငါးလုပ်ငန်းများကို လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly