ဇန်နဝါရီ ၁၄၊ ဆော်ဒီအာရေဗျ ။ ။ ဆော်ဒီအာရေဗျနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးများကို ဘောလုံးပွဲများ ကွင်းအတွင်းလာရောက်ကြည့်ရှုခွင့် ပြုလိုက်ပြီ ဖြစ်သည်။
ဆော်ဒီနိုင်ငံသည် ၎င်းတို့၏ အစ္စလာမ်ဘာသာရေး ထုံးတမ်းစဉ်လာနှင့်ယုံကြည်မှုအရ အမျိုးသမီးများကို ဘောလုံးပွဲမကြည့်ရန် ပိတ်ပင်တားမြစ်ထားရာမှ ယခုပထမဆုံးအကြိမ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ပြီးခဲ့သည့်သောကြာနေ့က အမျိုးသမီးများသည် Jeddah မြို့ ဘောလုံးကွင်းသို့ ဘောလုံးပွဲ လာရောက်ကြည့်ရှုခဲ့ကြသည်။
ဆော်ဒီအစိုးရသည် ၂၀၁၈ ခုနှစ်တွင် အမျိုးသမီးများနှင့်ပတ်သက်၍ စည်းကမ်းများ ဖြေလျှော့ပေးလျက်ရှိရာ လာမည့် ဇွန်လတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးများကားမောင်းရန် ခွင့်ပြုတော့မည်လည်း ဖြစ်သည်။ ထို့ကြောင့် ယခု ကားအရောင်းပြခန်းများတွင် အမျိုးသမီးများ လာရောက်ကြည့်ရှုခွင့်ကိုလည်း ခွင့်ပြုလိုက်ပြီ ဖြစ်သည်။
၎င်းတို့နိုင်ငံ၏ တိုးတက်မှုအတွက် ဆော်ဒီအမျိုးသမီးများမှာ ဝမ်းသာဂုဏ်ယူလျက်ရှိနေကြသည်။
ရည်ညွှန်း ဘီဘီစီ