လီမာ၊ ဇန်နဝါရီ ၁၁ ။ ။ ကာလရှည်ကြာထောင်နန်းစံနေရသော်လည်း ကျန်းမာရေးအခြေအနေကြောင့် ပီရူးသမ္မတဟောင်း အယ်လ်ဘာတိုဖူဂျီမိုရီအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့်အပေါ် ဆန့်ကျင်သည့်အနေဖြင့် ထောင်ပေါင်းများ စွာသော ပီရူးပြည်သူများက ကြာသာပတေးနေ့တွင် မြို့တော် လီမာမြို့ရှိ လမ်းမများပေါ်၌ ချီတက်ဆန္ဒပြခဲ့ကြ သည်။
ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံထားခဲ့ရသည့် သမ္မတဟောင်း ဖူဂျီမိုရီအား လက်ရှိသမ္မတ ပီဒရိုပတ်ဘလိုကူဇင် စကီးက ပြီးခဲ့သောခရစ္စမတ်အကြိုနေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ထိုအချိန်မှစ၍ နိုင်ငံတစ်ဝန်း၌ ဆန့်ကျင် ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့သလို နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။
ဆန္ဒပြသူ ပြည်သူများသည် အကြီးတန်းအရာရှိကြီးများကိုလည်း ရာထူးမှနှုတ်ထွက်ပေးရန်လည်း တောင်းဆိုနေ ခဲ့ကြသည်။
ဖူဂျီမိုရီသည် ပီရူးနိုင်ငံအား လွန်ခဲ့သော ၁၉၉၀ မှ ၂၀၀၀ ပြည့်နှစ်အထိ အုပ်ချုပ်ခဲ့ပြီး နောက်ပိုင်းတွင် အကျင့် ပျက်ခြစားမှုများနှင့် လူပေါင်းများစွာသေဆုံးမှု၌ အပြစ်ရှိသည်ဟု တွေ့ရှိရသောကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရ ခြင်းဖြစ်သည်။
ယခုလို ဖူဂျီမိုရီအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့မှုသည် လူသားချင်းစာနာထောက်ထားမှု သဘောထားဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု တရားဝင်ကြေညာထားသော်လည်း လူအများက လက်ရှိသမ္မတ ကူဇင်စကီးအနေ ဖြင့် အကျင့်ပျက်ခြစားမှုများနှင့် စွဲချက်တင်မခံရအောင် နောက်ကွယ်မှကြိုးပမ်းနေခြင်းဖြစ်သည်ဟု ယုံကြည်နေ ကြသည်။